➡️Unicode
သူတို့ညစာစားနေစဥ်အတွင်းမှာ ချူးထန်ကစကားတစ်ခွန်းမှမပြောခဲ့ဘူး
သူ့ရဲ့အထက်တန်းကျကျလှုပ်ရှားမှုလေးတွေကြောင့်ရိုးရိုးလေးထမင်းစားနေတာတောင် အနုပညာဆန်ပြီးလှပတဲ့မြင်ကွင်းလေးဖြစ်နေတယ်
သူမရဲ့ရှေ့မှာ ချောမောတဲ့ပုံရိပ်လေးရှိနေခြင်းက ရှီရှန်းရဲ့အစားစားချင်စိတ်ကိုတိုးတက်လာစေတာကြောင့် ဗိုက်ပြည့်လာတဲ့အထိ ပျော်ပျော်ရွှင်ရွှင်လေး ညစာစားနေလိုက်တယ်
ရှီရှန်းကသူမရဲ့ဗိုက်လေးကိုပွတ်နေတာကိုမြင်လိုက်တဲ့အခါမှာချူးထန်ကမပြုံးပဲမနေနိုင်တော့ဘူး"ရွှီသခင်ကြီးက မိန်းကလေးရွှီကိုအစာအငတ်များထားသလားဆိုတာ ကိုယ်တကယ်ပဲသိချင်လာပြီ"
ချူးထန်ကစနောက်လိုက်တယ်~သူငါ့ကိုအစားပုတ်လို့ပြောချင်နေတာလား~
"သခင်လေးချူးရှိနေတော့မှပဲ ကျွန်မရဲ့အစားစားချင်စိတ်က ပိုများလာသလိုပဲ"
ရှီရှန်းကခပ်ဖျော့ဖျော့လေးပြုံးပြီးပြန်ပြောလိုက်တယ်ချူးထန်ကခနလောက်ကြောင်အသွားရတယ်
~ငါမိန်းကလေးတစ်ယောက်ကို မြူဆွယ်မိသွားတာလား.လွန်ခဲ့တဲ့၂နာရီလောက်ကမှ သူမလေးကသူ့ကို ကိုက်ဖြတ်စားတော့မလို ဒေါသထွက်နေခဲ့တာကို အခုကျတော့ သူမက သူနဲ့ရိုမန့်တစ်ဆန်ဆန်စကားတွေပြောချင်နေတာလား? ဘယ်လောက်တောင်သတ္တိရှိတဲ့မိန်းကလေးလဲ?~အမှန်တကယ်ပဲရှီရှန်းကလည်း ဗိုက်ပြည့်သွားတော့မှ ပိုပြီးသတ္တိရှိလာတာဖြစ်တယ်
~Oh!!!ဒါကတကယ်တော့မမှန်ပါဘူး ငါလေးကအမြဲသတ္တိရှိနေပါတယ်နော်.ချူးထန်နဲ့အရမ်းကြီးမရင်းနှီးသေးတဲ့အတွက်စကားပြောရတာ ကျင့်သားမရသေးရုံပါပဲ
ရေပူနဲ့ရေအေးကိုရောလိုက်ရင်တောင် အပူချိန်မျှသွားဖို့ အချိန်ခနလောက်တော့လိုသေးတာပဲလေ~"သခင်လေးချူး ဒီည အားပါသလားရှင်"
"ဘာဖြစ်လို့များလဲ မိန်းကလေးရွှီက ကိုယ်နဲ့ အပြင်ထွက်လည်ချင်လို့လား "
ချူးထန်က ခပ်ဟဟလေးရီရင်းနဲ့ ပြောလိုက်တယ်

YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...