➡️Unicode
တောင်ရဲ့တစ်ဝက်လောက်မှာတော့ ဟန်လင်း နဲ့ လက်ထောက်တို့က ရိုက်ရေးကူးအဖွဲ့နောက်က ပါလာကြပြီးဖြည်းဖြည်းချင်း ဆက်တက်နေ ကြတယ်။ သူတို့အဖွဲ့က စုစုပေါင်းလူရှစ်ယောက်ပါ၀င်ပြီး ကိုယ်ပိုင်လမ်းကြောင်းဖောက်သွားကြတယ်.ရှစ် ယောက်ထဲမှာမှ ကင်မရာမန်း၂ ယောက်ပါတယ်။ ကျန်တဲ့အုပ်စုတွေကတော့ ရှီရှန်းနောက်က လိုက်လာကြတယ်။
"အမရွှမ်းက နားချင်ပြီပြောတယ်"
ဒါရိုက်တာ၊ ခဏလောက်နားရအောင်။ ”ရှရွှမ်းရဲ့လက်ထောက်က မာနထောင်လွှားစွာနဲ့ ဒါရိုက်တာကိုသွားပြောပြီးဒါရိုက်တာရဲ့ ခွင့်ပြုချက်ကိုတောင် မစောင့်ဘဲ သူမက ရှရွှမ်းရဲ့ဘေးကို ပြန်သွားလိုက်တယ်။
ရွေးချယ်စရာမရှိတဲ့ ဒါရိုက်တာက လူတိုင်းကိုအနားယူဖို့သာ ခွင့်ပြုလိုက်ရတယ်။
ဟန်လင်းက လက်နှင့်ခြေထောက်တွေကို ထုနေတဲ့ ရှရွှမ်း ကို ငေးကြည့်နေတုန်းမှာ အဖွဲ့ ၀င်တစ်ေယာက်က သူမအား သောက်စရာ ရေ လာပေးခဲ့တယ်
"ဒါကကျွန်မတို့ အနားယူဖို့ရပ်ရတဲ့ ခြောက်ကြိမ်မြောက်အကြိမ်ပဲ ပြီးတော့ တစ်ဝက်လောက်ပဲရောက်သေးတယ်. တောင်ထိပ်ကို ညလောက်မှရောက်တော့မယ်ထင်တယ်. ဒီလိုဖြစ်မယ်မှန်းသိရင် အမဝမ်နောက်ကပဲ လိုက်သွားပါတယ်"
"ကျန်တဲ့ ၃ ယောက်က သူမနားပိုကပ်လာပြီး ဖန်ကျင်းယွီက လိမ္မာပါးနပ်စွာပြုံးလိုက်တယ်။ "အမဝမ်ကဘာလို့ အဖွဲ့သားတွေကို သူ့နောက်ကလိုက်စေချင်တာမှန်း သိသွားပြီ"
" ဘာလို့လဲ။"
သူက လက်ထဲကဖုန်းကို ယမ်းပြလိုက်တယ်.
သူတို့အချင်းချင်းနားလည်မှုရှိတာကြောင့် သူဘာပြောတာလဲဆိုတာ အခြားသူများကချက်ချင်းသဘောပေါက် နားလည်ခဲ့ကြတယ်။သူတို့လေးယောက်က ဝိုင်းထိုင်လိုက်ပြီး အသံတိုးတိုးဖြင့် ဆွေးနွေးကြတော့တယ်။ အများအားဖြင့် ဖန်ကျင်းယွီ နှင့် ဟန်လင်း တို့ကသာပြောနေပြီး ရန်းကျဲ့နှင့် က ကျန်းမင် နားပဲထောင်နေခဲ့တယ်
"ဟေ့. မင်းတို့တွေ တောင်ပေါ်ကနေ ဆင်းပြီး အမရွှမ်းအတွက် ရေတစ်ဗူး ပြေးဝယ်လိုက် "
![](https://img.wattpad.com/cover/249877664-288-k879238.jpg)
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...