➡️Unicode
ဒါကချူးထန်အတွက် ဘတ်စ်ကားစီးဖူးတဲ့ပထမဆုံးအကြိမ်ပဲ.အဲ့ဒါကြောင့် သူ့နားမှာလူတွေအုံ လာတဲ့အခါမှာ သူစိတ်ရှုပ်လာရတယ်.ဒါပေမယ့်လည်း သူ့ရဲ့သိက္ခာအတွက်သူ့ကိုယ်သူ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ခဲ့တယ်
ရှီရှန်းကသူ့ကိုမလှောင်ပေမယ့် နည်းနည်းလေးမှ မသနားမိဘူး
~နင့်driverကိုဘာလို့အိမ်ပြန်လွှတ်လိုက်တာလဲ ပြီးတော့ ငါ့ကိုတောင်ပိုက်ဆံထပ်တောင်းသေးတယ် ပိုက်ဆံတွေကိုအဲ့လောက်ချစ်ရင် အိမ်ပြန်ပြီးသူတို့နဲ့သာဖက်အိပ်နေလိုက်တော့
နင့်ထိုက်နဲ့နင်ကံ ခံပေတော့~ရှီရှန်းတို့အိမ်မရောက်ခင်ပန်းခြံတစ်ခုကိုဖြတ်သွားရတယ်
ဒီအချိန်မှာ ရှီရှန်းတို့ကို systemကတောင်ဆက်မကြည့်နိုင်တော့ဘူး.သူတို့နှစ်ယောက်ရန်ဖြစ်တော့မယ်ဆိုရင်တောင် သိပ်အံ့သြမိမှာမဟုတ်ဖူး.systemအနေနဲ့ ရှီရှန်းရဲ့ missionရှုံးနိမ့်မှုအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်
ရှီရှန်းတို့အိမ်နဲ့တော်တော်နီးလာတာတောင်မှ ချူးထန်ကသူ့အိမ်ကိုပြန်မယ့်ပုံမပေါ်သေးတာကြောင့် ရှီရှန်းကလည်းမမေးပဲမနေနိုင်တော့ဘူး
"သခင်လေးချူး ရှင်ဒီနေ့အိမ်မပြန်တော့ဘူးလား"ချူးထန်က သူ့ရဲ့လက်တွေကိုဘောင်းဘီအိတ်ကပ်ထဲကတောင်မထုတ်ပဲ တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ်
"ကိုယ့်ကို မိန်းကလေးရွှီပိုင်တယ်လေ အဲ့ဒါကြောင့် အိမ်ပြန်မယ်ဆိုရင်လည်း မိန်းကလေးရွှီရှိိတဲ့နေရာကိုပဲပြန်ရမှာပေါ့"~ငါရှိတဲ့အိမ်ကိုပြန်မယ်!!!!~
ရှီရှန်းကသူမရဲ့နှုတ်ခမ်းကိုကိုက်မိလိုက်တယ်
~ဒီခွေးကောင် သူ့ဦးနှောက်မှာအပေါက်ဖြစ်နေလားမသိဘူး~ချူးထန်ရဲ့ခေါင်းမှာအပေါက်ရှိရှိမရှိရှိအရေးမကြီးဘူး အရေးကြီးတာက ဒီသောက်ရူးကောင်က တကယ်ကြီးသူမအိမ်ကိုလိုက်လာတာပဲ အဲ့ဒီချိန်မှာသူမရဲ့အဖေက မအိပ်သေးဘဲ ဧည့်ခန်းမှာ TVကြည့်နေခဲ့တယ်
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...