°°°Unicode°°°
အဓိကဇာတ်လိုက်ရဲ့ စမ်းသပ်မှု ဆိုတဲ့အတိုင်းပဲ ယဲ့ချင်ချိုးရဲ့ ဒီစမ်းသပ်ချက်ကအရမ်းကို ပြင်းထန်ပြီး ကြီးကျယ်ခမ်းနားတယ်.
အနီးအနားနယ်မြေမှာ တိုက်ပွဲအသေးစားဖြစ်နေတဲ့ သူတွေတောင် ခေတ္တငြိမ်းချမ်းရေးယူပြီး ဘယ်သူ့ရဲ့စမ်းသပ်ချက်လဲဆိုတာ လာကြည့်ကြတယ်
သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားမှာ ရပ်နေတဲ့အဖြူအမဲအရိပ်ကိုသာတွေ့မြင်ရပေမယ့် စမ်းသပ်မှုကိုဖြတ်ကျော်နေတဲ့ ကျင့်ကြံသူကိုတော့ သဲသဲကွဲကွဲမမြင်ရဘူး
လက်မောင်းလောက် ရှိမယ့် ခရမ်းရောင်မိုးကြိုးလျှပ်စီး တစ်တန်းက အရိပ်အယောင်မရှိဘဲ မြေပြင်ပေါ်ကိုပစ်ချလိုက်တယ်
မိုးကြိုးက မကောင်းဆိုး၀ါးမျိုးနွယ်စု၀င်တွေရဲ့ တစ်လှမ်းအကွာလောက်ကို ပစ်ချသွားတယ်
လာတဲ့သူက မကောင်းဆိုး၀ါးသခင် အရှင်၀ူချီ ကိုယ်တိုင်ပဲဖြစ်တယ်
ထင်ထင်ရှားရှား ဖြစ်နေတဲ့ အဖြူအမဲအရိပ်နှစ်ခုကိုမြင်တဲ့အခါမှာ ၀ူချီရဲ့မျက်လုံးတွေက လက်ခနဲဖြစ်သွားပြီး
သူက ရှီရှန်းရဲ့ဘေးက သစ်ပင်ဆီကိုပျံသွားတယ်
ရှီရှန်းက သူ့ကို တစ်ချက်ပဲကြည့်လိုက်ပြီး စမ်းသပ်မှု နေရာကိုပဲပြန်ကြည့်နေလိုက်တယ်
ဖုန်းစီကတော့ အရှင်၀ူချီကို မီးမြှိုက်ပစ်ချင်တဲ့ပုံနဲ့ကြည့်နေပြီး ရှီရှန်းရဲ့အလစ်မှာ အမှန်တကယ်ပဲ သူ့ကိုတစ်ခုခုလုပ်ပစ်လိုက်ဖို့ကြံစည်နေတယ်.
"မိန်းကလေးရှန်း....ခင်ဗျား ကျွန်တော့်ရဲ့ မကောင်းဆိုး၀ါးလောကနဲ့ ပူးပေါင်းချင်စိတ်ရှိပါသလား ခင်ဗျာ "
ရှီရှန်းက ၀ူချီကို လှည့်ကြည့်ပြီး အေးအေးဆေးဆေးမေးလိုက်တယ်
"မကောင်းဆိုး၀ါးအရှင်က ကျွန်မကိုဘာကြောင့်များ မျက်စိကျနေရပါသလဲရှင်"
ရှီရှန်းက မကောင်းဆိုး၀ါးလောကရဲ့စည်းတံဆိပ်ကို ဖျက်ဆီးပေးလိုက်တဲ့အတွက် အပြန်အလှန်အနေနဲ့ အရှင်၀ူချီက အနာဂတ်မှာ ယဲ့ချင်ချိုးကို လုံး၀မကူညီရဘူး.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...