➡️Unicode
တောင်ဘက်ကပွဲခန်းမမှာ ကျင်းပတဲ့ပါတီက ဥရောပစတိုင်ဖြစ်တယ်.ခန်းမကအရမ်းကြီးမကျယ်ပေမယ့် လာတဲ့လူကလည်း အရမ်းမများတဲ့အတွက် အဆင်ပြေတယ်.
ပါတီကိုဖိတ်ကြားခံရတဲ့သူတွေကလည်း နိုင်ငံ့ထိပ်သီးမိသားစု၅၀၀ထဲကပဲဖြစ်ကြတယ် ပြီးတော့ အဲ့ဒီမိသားစု၅၀၀လုံးကကလေးတွေအကုန်လုံးကလည်းဒီကျောင်းမှာပဲတက်ကြတာမှမဟုတ်တာ. ဒါ့အပြင်ဒီကျောင်းမှာတက်တဲ့လူတွေထဲကတော်တော်များများကလည်း နိုင်ငံခြားကိုပညာတော်သင်သွားကုန်ကြပြီ
အဲ့ဒါကြောင့်မို့လို့ ဒီပါတီမှာ စုရီရီတို့လိုတဆင့်ဖိတ်ကြားခံရတဲ့လူအရေအတွက်ကိုပေါင်းထည့်လိုက်ရင်တောင်မှ စုစုပေါင်း အယောက်၁၀၀တောင်မရှိဘူး.ရှီရှန်းက အဖော်လည်းခေါ်မလာတဲ့အတွက် အခန်းထောင့်မှာပဲ တစ်ယောက်ထဲရပ်နေပြီး ပါတီကိုလာတဲ့လူတွေရဲ့မျက်နှာကိုလိုက်ကြည့်နေလိုက်တယ်.
ဒီလူတွေရဲ့ပြုံးနေတဲ့မျက်နှာဖုံးအောက်က စိတ်ထားအစစ်အမှန်ကို ဘယ်သူကများသိနိုင်မလဲ
[TN/မျက်နှာဖုံးအစစ်ဖုံးထားတာကိုပြောတာမဟုတ်ပဲနဲ့ မျက်နှာပေါ်ကအပေါ်ယံအပြုံးကိုဖယ်လိုက်ရင်အဲ့ဒီလူတွေရဲ့စိတ်ထားအစစ်အမှန်ကဘာများဖြစ်မလဲဆိုတဲ့အဓိပ္ပါယ်ပါ ]ဒါပေမယ့် ရှီရှန်းလိုမျိုးဘေးကကြည့်နေတဲ့လူတစ်ယောက်ရဲ့အမြင်မှာတော့ သူတို့တွေရဲ့ဖုံးကွယ်ထားတဲ့ စိတ်ထားအစစ်အမှန်တွေကအလွယ်လေးပဲပေါ်လွင်နေသလိုပဲ .
သာမန်လူတန်းစားတို့ရဲ့ပါတီမှာမရှိနိုင်တဲ့ လူကုံထံတို့ရဲ့ကောက်ကျစ်မှု မနာလိုမှု သ၀န်တိုမှု စသဖြင့်ပေါ့"ဘာတွေကိုများဒီလောက်ထိစိတ်၀င်တစားကြည့်နေတာလဲ"
မိန်းကလေးတစ်ယောက်ရဲ့ကျက်သရေရှိတဲ့အသံလေးကို ရှီရှန်းကြားလိုက်ရတယ်.ရှောင်ဝေက ကိုယ်ကျပ်ဂါ၀န်ကို၀တ်ဆင်ထားတာကြောင့်သူမရဲ့သွယ်လျတဲ့ခန္ဓာကိုယ်အလှကပေါ်လွင်နေတယ်.အထက်တန်းစားဆန်ဆန်မိတ်ကပ်ကိုပြင်ဆင်ထားပြီးဆံပင်ကိုကောက်ထားတာကြောင့် သူမရဲ့လှုပ်ရှားမှုတိုင်းကဆွဲဆောင်မှုရှိနေပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံစံအပြည့်ရှိနေတယ်.
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...