Arc-2.23

2.5K 409 0
                                    

➡️Unicode

စတူဒီယိုက သတင်း​တွေကို ​နောက်တစ်ခါထပ်ထုတ်ပြန်တဲ့အထိ​အောင် ရှီမိုက ​သေ​သေချာချာမစုံစမ်းနိုင်​သေးဘူး 

ဒီတစ်ခါ ထုတ်လွှင့်လိုက်တဲ့သတင်းက​တော့ ရှရွှမ်းက သူမရဲ့ သရုပ်​ဆောင်စွမ်းရည်​ကောင်းမှုကို မာနကြီး​​​နေပြီး တခြားသူ​တွေကို အနိုင်ကျင့်​​လှောင်​ပြောင်​နေတဲ့ပုံ​တွေဖြစ်တယ်.

သက်​သေအ​နေနဲ့ ပုံ​တွေနဲ့ video​တွေက သက်​သေပဲ . ဗီဒီယိုထဲကရှရွှမ်းက လူထုအမြင်မှာ ရှိခဲ့ဖူးတဲ့ ကြင်နာမှုနတ်ဘုရားမ​​လေးရှရွှမ်းနဲ့ လုံး၀ကွဲပြား​နေတယ်

အရင်က ကိစ္စလည်းရှိထားတာမို့လို့ ဒီတစ်ခါကိစ္စ​ကို​တော့ လူထုက ခပ်မြန်မြန်ပဲလက်ခံယုံကြည်သွားကြတယ် 

အဲ့ဒီအချိန်မှာပဲ ရှရွှမ်းရဲ့ ​နောက်ထပ်သတင်း​တွေက အင်တာနက်​ပေါ်မှာ ပျံ့နှံ့​နေကြပြန်ပြီ. ရှရွှမ်း ထိပ်တန်းမင်းသမီးဖြစ်ခဲ့စဥ်အခါက အင်တာနက်​ပေါ်ကသူမရဲ့မ​ကောင်းသတင်း​တွေကို ​ရေတပ် နဲ့ရှင်းလင်းပစ်​လေ့ရှိတယ် .
အဲ့ဒါ​ကြောင့်မို့လို့ အဲ့ဒီတုန်းက သူမကို မ​ကျေနပ်တဲ့ သူ ဘယ်​လောက်များများရှိ​နေပါ​စေ ဘာမှအရာမထင်ခဲ့ဘူး

( TN/​ရေတပ်ဆိုတာက ဗန်းစကားပါ အင်တာနက်​ပေါ်မှာ မိမိ​ကောင်း​ကြောင်း​တွေကို လိုက်​ပြော​ပေးဖို့အတွက် ပိုက်ဆံ​ပေးငှားရတဲ့ အဖွဲ့ပါ တရုတ်အနုပညာရှင်​တွေက အဲ့လိုအဖွဲ့​တွေကိုအသုံးပြု​လေ့ရှိပါတယ်)

ဒါ​ပေမယ့် အခုလို အချိန်မှာ​တော့ သူမဘယ်​လောက်ပဲရှင်းလင်းရှင်းလင်း လူထုအမြင်က လုံး၀မ​ပြောင်းလဲနိုင်​တော့ဘူး

"ဥက္ကဌရှီ အဲ့ဒီစတူဒီယိုမှာ လူတစ်​ယောက်ပဲရှိတာ တခြားလူရဲ့အရိပ်အ​ယောင်မ​တွေ့ရဘူး"

ရှီမိုရဲ့လက်​ထောက်က သူ့ရဲ့သူ​ဌေးကိုစိတ်လှုပ်ရှားစွာကြည့်လိုက်တယ်

"IP adressကိုစုံစမ်းလိုက်"

"ကျွန်​တော်တို့လုပ်လို့မရလို့ပါ "

လက်​ထောက်ရဲ့​​ခြေ​ထောက်​တွေက ​ပျော့​ခွေ​နေပြီး​တော့ တုန်ယင်စွာ​ပြောလိုက်တယ်

Final Boss Is No JokeWhere stories live. Discover now