Arc-3.12

1.7K 327 12
                                    

°°°Unicode °°°

ရှီရှန်းက သဘောကျတယ်လို့ ပြောလိုက်မှပဲ ဖုန်းစီက မီးတောက်တွေကို ပြန်ငြိမ်းလိုက်တယ်

"သူတို့ကရှားပါးတဲ့နေထွက်ပန်းတွေပဲ"

'နေထွက်ပန်းဆိုပဲ.....တစ်ခါမှမကြားဖူးပါလား..ဒါပေမဲ့ဖုန်းစီကတောင် ရှာရခက်တယ်လို့ ပြောနေတာဆို​တော့ တကယ်အဖိုးတန်လောက်မယ်...ဒါပေမဲ့ကြည့်ကောင်းရုံလောက်ပဲရှိတာ မဟုတ်ဖူးလား...'

နေထွက်ပန်း ဆိုတာက တကယ်အသုံးဝင်တဲ့ပန်းတွေပါ.

သူတို့က ရှီရှန်းအတွက် အသုံးမဝင်ပေမဲ့အခြေတည်အဆင့်ကို မရောက်သေးတဲ့သူတွေအတွက်တော့ ဒီပန်းတွေကိုအသုံးပြုရင်အဆင့်မြန်မြန် တက်နိုင်ခြေ100%လောက်ရှိတယ်

အဲဒါကြောင့် သူတို့က ထုန်းတောင်ဂိုဏ်းရဲ့တားမြစ်နယ်မြေမှာ ရှိနေရတာပဲ

ပန်းတွေကို ကြည့်ပြီးတဲ့အချိန်မှာ သူတို့ကပြန်လာခဲ့ကြတယ်

လရောင်အောက်မှာ သူတို့အရိပ်တွေက တစ်ချက်တစ်ချက် ထပ်သွားတာကိုကြည့်ရင်း ရှီရှန်းရဲ့စိတ်တွေ ရှုပ်ထွေး​နေတယ်.

သူမရဲ့မှတ်ညဏ်ထဲမှာ ဘယ်သူကမှ သူ့လို သူမ​ဘေးမှာ အ​ဖော်ပြု​ပေးတာမျိုး မရှိခဲ့ဖူးဘူး

ရှီရှန်းက စက္ကန့်အနည်းငယ်လောက်အေးတိအေးစက် ပုံစံပေါက်နေပြီး တည်ငြိမ်တဲ့ မူလအခြေအနေကို ပြန်ရောက်သွားတယ်
သူမရဲ့အကြည့်တွေက အရှေ့ကနေလျှောက်နေတဲ့လူဆီသာ ရောက်နေပြီး မျက်ဝန်းတွေရဲ့နက်ရှိုင်းတဲ့ခံစားမှုကို ဖုံးကွယ်ထားလိုက်တယ်

သူတို့က ကုန်းဆင်းတစ်ခုကို ဆင်းနေတဲ့အချိန်မှာ ရှီရှန်းက ဖုန်းစီကို ရုတ်တရက်ကောက်ဆွဲလိုက်ပြီး သူတို့အနောက်က ချုုံပုတ်ထဲမှာပုန်းနေလိုက်တယ်

သူတို့နှစ်ယောက် ဆောင့်ကြောင့်ထိုင်လိုက်တဲ့အချိန်မှာပဲ အရိပ်မည်းတစ်ခုက သူတို့နဲ့ခပ်လှမ်းလှမ်းနေရာကနေ ဖြတ်သွားတယ်

တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှ လရောင်က တောက်ပနေတာကြောင့် ရှီရှန်းက ဘယ်သူလဲဆိုတာကိုချက်ချင်းသိလိုက်တယ်

Final Boss Is No JokeWhere stories live. Discover now