➡️Unicode
ကျန်းကျိန်ကျိန်က သူမရဲ့အတန်းဖော်တွေဆီကနေ ကျန်းဝမ်ရဲ့လက်ထပ်မင်္ဂလာပွဲအကြောင်းကို သိခဲ့ရတယ်။ သူမက လွန်ခဲ့သောတစ်နှစ်က ကျန်းဝမ်ကိုတီဗွီတွင်သတိထားမိခဲ့ပေမဲ့ အဲ့တုန်းက ကျန်းဝမ်က ဇာတ်ရံမင်းသမီးအဆင့်ပဲ ရှိသေးတာဖြစ်တယ်။
ကျန်းကျိန်ကျိန်ကအဲ့တုန်းက အထင်သေးစွာ ဝေဖန်ကဲ့ရဲ့ခဲ့ပြီး သူမကပိုပြီး ကောင်းမွန်မြင့်မြတ်တယ်လို့ပဲ ယူဆခဲ့တယ်.
~သူမသာနာမည်ကြီးလာရင် ငါ့မျိုးရိုး ကျန်း မဟုတ်တော့ဘူး~
ဒါပေမဲ့ ဒါကသူမရဲ့ စိတ်ကူးထဲက အတွေးသာသာပဲ ဖြစ်ခဲ့တယ်.ဒီလအနည်းငယ်အတွင်း ကျန်းဝမ်နှင့်ပတ်သက်တဲ့သတင်းတွေ တဖြည်းဖြည်းများလာခဲ့တယ်။အခုတော့ ကျန်းဝမ်က ထင်ရှားကျော်ကြားလာခဲ့ပြီ။
ကျန်းကျိန်ကျိန်နဲ့ရင်းနှီသူ တချို့ကသူမနဲ့ တွေ့တဲ့အခါ ကျန်းဝမ်နှင့်ပတ်သက်ပြီး သူမအားမေးမြန်းကြပြီး သူမရဲ့အစ်မက ကျော်ကြားသူဖြစ်တာ ဘယ်လောက်ကံကောင်းကြောင်း ပြောကြလေတယ်.
ကျန်းကျိန်ကျိန်က သူမနှလုံးထဲကနေကို မနာလိုတိုရှည်တွေ ပွားနေခဲ့တယ်.
~အဲ့ဟာမက တကယ်ကြီးနာမည်ကြီးနေပြီ. အခုတော့ ချမ်းသာတဲ့မျိုးရိုးမြင့်နဲ့ပါ လက်ထပ်တော့မယ်ပေါ့~
ကျန်းဝမ်ရဲ့ ဒီလိုအခြေနေကြီးကို သူမ မနာလိုဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ? သူဌေးသားလေးနဲ့ ညားဖို့ဆိုတာ သူမရဲ့အိမ််မက်တစ်ခုပဲလေ.အခုတော့ သူမအိမ်မက်နဲ့ နီးအောင်ဘယ်လိုလုပ်ရမလဲ ကြံနေတုန်းရှိသေးတယ် ကျန်းဝမ်ကတော့ ပိုင်ဆိုင်နိုင်တော့မယ်.
သူမ မနာလိုအဖြစ်ရဆုံးက ကျန်းဝမ်မှာ သူမနာမည်ပေါက်နဲ့ ကုမ္ပဏီနှစ်ခုတောင် ပိုင်ဆိုင်ထားတာပဲ ဖြစ်တယ်.
~ငါ့မှာသာ ပိုက်ဆံရှိနေရင် လူချမ်းသာကို ဘာလို့ကပ်နေဦးမှာလဲ?~
~အဖေ၊ ကျန်းဝမ်ကိုကြည့်ဦး။ သူမကကျော်ကြားလာပြီး ကုမ္ပဏီတွေကိုပိုင်ဆိုင်ထားတယ်။ သမီးသူငယ်ချင်းတစ်ယောက်ကို မေးခဲ့တာ အဲဒီဖျော်ဖြေရေးကုမ္ပဏီရဲ့တန်ဖိုးအနည်းဆုံးဒေါ်လာသန်း ၂၀၀ လောက်ရှိတယ်တဲ့။ သူမမှာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလည်းရှိတယ်။ အဲ့ဟာမမှာ ငွေဘယ်လောက်ရှိမယ် ထင်လဲ?"
YOU ARE READING
Final Boss Is No Joke
Fantasyသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံးသတ်တွေပေးခဲ့တဲ့ မိထွေးလိုမျိုး စာရေးဆရာမတစ်ယောက်လည်းဖြစ်တယ် ဒီနေ့လိုလှပတဲ့နေ့မျိုးမှာ နောက်ဆုံးတော့...