Extra-22

3.8K 268 25
                                    

ဆီနိုင်နိုင်စမ်းထားသော အမဲခြောက်ပန်းကန်ရှေ့မှ သားအဖနှစ်ယောက်အား မင်းဆက် ကြည့်မရတော့ပါ။ ချစ်သူဘဝကတည်းက ဘယ်လိုမှ ပြောမရသည့် အစားအား စည်းကမ်းတကျ မစားတတ်သည့် ကိုကို့အကျင့်ဟာ သားဆီမှာ ပါလာသည်။ နေ့ခင်းနေ့လယ် အဆာပြေစားရန် သူတို့ ကြိုက်တတ်သည့် အမဲခြောက်ဖုတ်လေး ဆီစမ်းကာ ချပေးမိသောအခါ နှစ်ယောက်သား လုစားပြီး နောက်ထပ် ပန်းကန်ပေါင်းများစွာ ထပ်သွားယူသည်။ ကိိုကိုကလည်း သုံးနှစ်ကလေးအား ငါ့သားလေးဟူသည့် စိတ်နှင့် တစ်စက်မှ အလျှော့မပေးဘဲ အပြိုင်စားသကဲ့သို့ ဂိုဂိုးဟာလည်း သုံးနှစ်အရွယ်နှင့် မလိုက်အောင် ပါးဖောင်းမပြတ် တသွပ်သွပ် နှိုက်စားသည်။

"ကိုကို .. ဒါပြီးရင် တော်တော့"

ပါးစပ်ထဲ ထည့်လက်စ တစ်ဇွန်းအား တချွတ်ချွတ်ဝါးရင်း ကိိုကိုက မကြည်မလင် ပြန်ကြည့်သည်။

"မင်းသားချည်းပဲ စားနေတာ။ ငါက မဝဘူး"

"နိုး .. ဒယ်ဒီ ပိုချားတာ။ ဂိုး ဝတော့ဝူး"

"ကဲ"

အမဲခြောက်ကိုသာ ဝလင်သည်အထိ စားမည်ဆိုလျှင် တစ်နေ့လယ်တည်းနှင့် တစ်သိန်းဖိုးလောက် ပြုတ်လိမ့်မည်။

"တော်တော့ .. ဒါပြီးရင် ထပ်မစားရဘူး"

"ဖေရီး .."

"အေးလေ။ မင်းကလည်း ဘာတွေ တွန့်တိုနေတာလဲ"

ကိိုကိုက ဂိုဂိုးခပ်ထားသည့် အမဲသားမျှင်များကို ဇွန်းဖြင့် ဖြတ်လုရင်း ညည်းညူသည်။

"ညစာအတွက် မကျန်တော့ဘူးလေ ကိုကိုရဲ့"

"ကျန်ပါသေးတယ် ကြောင်အိမ်ထဲမှာ အများကြီး တွေ့တယ်"

"ကျွန်တော်က အစားအသောက်တိုင်းကို လစ်မစ်နဲ့ ထားတာ ကိုကို။ သည်နေ့အတွက် ကိုကိုတို့စားနေတာ လစ်မစ်ကျော်နေပြီ .. ပြီးရင် ကိုကိုက ညစာကို သုံးလေးမျိုးနဲ့မှ စားတတ်တာ ဒါက ချန်ထားရအုံးမှာ။ ဂိုဂိုးကလည်း ပြောလို့ ဆိုလို့ကို မရဘူး .. ဖေကြီး စကား နားမထောင်တော့ဘူးလား"

ဂိုဂိုးက မျက်လုံးဝိုင်းလေးများနှင့် မျက်နှာငယ်လုပ်ရင်း ဆူပွပွ လုပ်နေသည်။ နှစ်ယောက်လုံး၏ ပါးစပ်မှာလည်း ဆီတွေ ဝေ့လို့။ သူ ခုလို အတည်အတံ့ ပြောနေသည်ကို ကိုကိုက ပြန်မအော်တော့သော်လည်း တိုးတိုးတိုးတိုး လုပ်နေ၏။

Swamping with Intimacy (Season2)Where stories live. Discover now