Episode 4

571 69 11
                                        

《 ငါ့အိမ်လေး အလှလေး ရှိနေတာကို ငါမေ့သွားမိတယ် 》

         ပြည်ပနာမည်ကြီး Brand တစ်ခုနှင့်  SNINNIA မှ ပူးပေါင်းဆောင်ရွက်မည့် ဖက်ရှင်ရှိုးတစ်ခုအတွက် မိုင် တစ်ယောက် ပြေးလွှားနေသည်။ နောက် ၂ရက်ကျမှ ပွဲက စမည်ဖြစ်ပေမဲ့ နေရာငှါးရမ်းတာနဲ့ ပတ်သက်ပြီး နေရာငှါးရမ်းမယ့်သူတွေကို အစက အဆင်ပြေပြီးခါမှ ဈေးနှုန်းကို ရုတ်တရက်ကြီး ထမြှင့်လိုက်သည်။ ထိုအဖြစ်အပျက်ကြောင့် မိုင်နဲ့ ဖျော်ဖြေရေးစီးပွါးရေးမန်နေဂျာနဲ့ အခြေအတင်ဖြစ်ကြသည်။ အစစအရာရာက မိုင်ကပဲ နာမည်ခံထားသဖြင့် အလုပ်စရောက်ထဲက ပြေးလွှားနေရသည်။ နောက်ဆုံးတော့မှ နောက်ပွဲတွေကျ နာမည်မပျက်လိုတာကြောင့် နေရာမန်နေဂျာက လျှော့ပေးသဖြင့်  မိုင် စိတ်အေးရသည်။

       စိတ်အေးဆိုပေမဲ့ ကိုယ်က မအေးရသေးပေ။ နေရာပြင်ဆင်ဖို့ အလုပ်သမားတွေ ၊ ပန်း အလှဆင်သူတွေကြား ပြေးလွှားရသေးသည်။ မနက် ၈ နာရီထဲက နေရာစုံပြေးလွှားနေရပြီး ၁ နာရီကျော်ခါမှ နေ့လယ်စာလေး စားရန်ပြင်လိုက်ပေမဲ့ လီကျန့်ဝေက ရောက်လာသည်။ လီကျန့်ဝေ ဆိုတာ တက်သစ်စမင်းသားပေါက်စလေး ဖြစ်ပေမဲ့ သူဌေးလီကဲ့သို့  အရှိန်အဝါ ရှိသော မိသားစု နောက်ခံကြောင့် မောက်မာချက်က လက်လန်သည်။ သူကလည်း ယခုပြုလုပ်မည့် ပွဲမှာပါဝင်တာကြောင့် လာခြင်း ဖြစ်သည်။ မိုင်ခမျာ အစားတောင် ပါးစပ်ထဲ မဝင်ရသေး။ ထိုနေရာကို ပြေးရသေးသည် ။ ဘာမှမဟုတ်တဲ့ ပေါက်စက ကြိုတင်ပြင်နေတဲ့ နေရာကိုလာတာ တစ်ကိုယ်လုံးကို စိန်မချထားရုံတမယ် လျှမ်းလျှမ်းတောက် Brand မျိုးစုံကို ပြင်လာသည့် အပြင် သတင်းထောက်တွေပါ ခေါ်လာသည်။

     အနုပညာ သတင်းထောက်ဆိုတဲ့ အမျိုးကလည်း တွေ့ရာကို နှိုက်ချွတ်မေးလိုက်ရမှာ၊ မဟုတ်တာကို တစ်မျက်နှာလောက် ထိုင်ပွါးနေမှ နေသာထိုင်သာ ရှိတဲ့အမျိုးဆိုတော့လည်း မိုင်ခမျာ ကိုယ် တာဝန်ယူထားတဲ့အပိုင်း ဖြစ်သောကြောင့် ထိုနေရာကို သွားကာ ရှင်းပြပေးရသည်။ တစ်နာရီကျော်ကြာသွားတဲ့အခါမှ ပြီးတော့သည်။ မိုင်လည်း နေ့လယ်စာသွားစားဖို့ ပြင်လိုက်သည်။

Tudo passaWhere stories live. Discover now