မိုင်သည် မနက် ၅ နာရီကပင် နိုးနေကာ သူအလွန်တက်ကြွနေသည်။ စိမ်ပြေနပြေ ရေချိုးကာ အဝတ်ဗီရိုတစ်ခုလုံးကို လှန်လှောရှာဖွေနေသည်။ အခုချက်ချင်းပဲ ဈေးဝယ်စင်တာကို ပြေးသွားချင်လောက်အောင် သူစိတ်ထိန်းနေရသည်။ ဒီနေ့ရဲ့ ရာသီဥတုကို ကြည့်ပြီး သူ တွဲဖက်စဥ်းစားနေရသည်။ နောက်ဆုံးတော့လည်း စတိုင်လစ်ဖြစ်သော Ani ကိုသာ ဖုန်းဆက်ပြီး သူ့အတွက် အဝတ်အစားကို ရွေးခိုင်းရတော့သည်။ မနက် ၇နာရီခွဲသာ ရှိသေး၍ နာရီဟု ချိန်းမိသော ကိုယ့်ကိုယ်ကိုဖြတ်ရိုက်လိုက်ချင်သည်။ယနေ့အနည်းငယ်အေးနေတာကြောင့် ဆင်စွယ်ရောင် Naomi ဆွယ်တာနဲ့ အညိုရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ မနှစ်က ထူးထူးခြားခြား Fashion Show တစ်ခုကနေ ဝယ်ထားသော ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။အရင်ကတော့ ဘာစိတ်မှ မရှိဘဲ ဝယ်ဖြစ်ပေမဲ့ အခုတော့ လိုက်ဖက်နေသည့် သူ့ပုံစံကို မှန်ထဲ ကြည့်ရင်းအတော်ကို ကျေနပ်နေသည်။ သူ့ပုံစံက မိန်းကလေးအများစု၏ ideal type , gentleman ပုံစံမျိုး ဖြစ်နေသည်။ အဲတာက တကယ်တော့ အရေးမကြီးပါ။ သူ့ရဲ့ ချွမ်ဟွားလေး သဘောကျတဲ့ ပုံစံဖြစ်ဖို့သာ အရေးကြီးသည်။ မျက်မှန်တပ်ဖို့ Ani က အကြံပေးသော်လည်း သူက ကုမ္ပဏီသူဌေးမှ မဟုတ်ဘဲ။ ရိုးရိုး နေကာမျက်မှန်ကိုသာ ဝတ်သွားလိုက်သည်။ ညတွင်းချင်းတိုက်ထားသော Benz ကားအနက်ရောင်လေးသည် ပြောင်လက်ကာ ရောင်ပြန်ဟပ်နေသည်။
ချွမ်ဟွားအတွက် ဘာဝယ်ပေးရမလဲ တွေးပြီးခါမှ သူက အကောင်းဆုံးလက်ဆောင်ပဲလေ။ မိုင် ကိုယ့်ဘာသာတွေးပြီး ရယ်မိသည်။ ချိန်းထားသော Teddy Bear Private Cafe က ကားပါကင်မှ ကားရပ်ပြီး မိုင် ကားထဲက ထွက်လာတော့ အတော်များများက သူ့ကို လှမ်းကြည့်သည်ကို တွေ့လိုက်ရသည်။ ဒီလေါက်ဆိုတော့ သူအတော်လေးကို ယုံကြည်ချက်ရှိနေပါပြီ ။ ၈ နာရီသာ ရှိသေး၍ မိုင် ကြိုတင်မှာထားသော စားပွဲကို မသွားခင် ကောင်တာက ဝန်ထမ်းကောင်မလေးထံတွင် ငွေကြိရှင်းကာ အစားအသောက်မှာနေလေသည်။မနက်စောစောတွင် လူကြီးဆန်သော အမျိုးသားတစ်ဦးနဲ့ နွေးနွေးထွေးထွေး စကားပြောနေရတာကြောင့် ထိုကောင်မလေးက ရှက်သွေးဖြာနေလေသည်။

YOU ARE READING
Tudo passa
FantasíaName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...