Episode 70

181 24 0
                                    

Columbia တက္ကသိုလ်၏ ကျောင်းပြန်ဖွင့်ချိန်သို့ ရောက်အခါ မိုင်တို့သည် New Yorkသို့ပြန်လာခဲ့သည်။ မိုင်သည် ချွမ်ဟွားနှင့် တူညီသော သဘောတူချက်ရရှိပြီးနောက် သူသည် ရှင်နီယာကုမ္ပဏီ၌ ပြန်လည်အလုပ်ဝင်ခဲ့သည်။ မနက်ပိုင်း၌ အလုပ်ကိုယ်စီရှိကြသော်လည်း ညနေပိုင်းတွင် မိုင်သည် ချွမ်ဟွား၏ အားကစားနှင့်ပတ်သက်သော ကျောင်းတွင်းအပျော်ကစားပွဲများသို့ လိုက်လံအားပေးလေ့ရှိသည်။ များသောအားဖြင့် ဘောလုံးကန်ခြင်း၊ baseball ကဲ့သို့ အင်အားစိုက်ထုတ်ရသည့် ကစားနည်းများသာ ဖြစ်ပြီး မိုင်ကမူ ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။ ချွမ်ဟွား၏ စာသင်သည့် အချိန်ကုန်ဆုံးတော့မည်ဖြစ်တာကြောင့် သူတို့သည် မြို့၏ တခြားနေရာ၌ ဝယ်ထားသော အိမ်သို့ ပြောင်းနေရန် အစီအစဉ်ရှိသော်လည်း လတ်တလောတွင်မူ ပြောင်းရွှေ့နိုင်ခြင်း မရှိသေးပေ။

နေ့လယ်အစည်းအဝေးပြီးသည့်အချိန်၌ ခေါင်းအနည်းငယ်မူးဝေနေသည့်အတွက် မိုင်သည် ခွင့်ယူကာအိမ်ပြန်လာခဲ့သည်။ ညနေစာ ချက်ပြုတ်ပြီးသည်နှင့် သူသည် သူ၏ အပင်များကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဆိုဖာပေါ်၌ အနားယူနေသည်။ သူသည် နာရီလက်တံ တရွေ့ရွေ့မြည်သံကို အာရုံစိုက်နားထောင်နေပြီး online ဈေးဝယ်သည့် websiteမှ မှာယူထားသည်တို့ကို လာပို့သည့်အချိန်အထိ သူသည် ထိုနေရာ၌သာ လှဲနေမိသည်။ မိုင်သည် ချွမ်ဟွား၏ အခန်းအတွင်းမှ အိပ်ရာခင်းများနှင့် ခန်းစီးလိုက်ကာများကို အသစ်ဝယ်ယူထားခဲ့ခြင်း ဖြစ်ပြီး နူးညံ့သော အမွေးပွကောဇောလည်း ပါသည်။ ငွေချေပြီးဖြစ်တာကြောင့် မှာယူထားသော ပစ္စည်းများကို အိမ်ထဲ ယူလာခဲ့သည်။

အိပ်ရာခင်းများကို လဲလှယ်နေရင်း အချိန်ကုန်လွန်ခဲ့ရာချိန်သီးနာရီ၏ အချက်ပေးသံကြောင့် ပြန်လည်သတိဝင်လာခဲ့သည်။ ညဦးပိုင်းအချိန်ဖြစ်၍ ပတ်ဝန်းကျင်တောင် မှောင်ရိပ်သမ်းနေလေသည်။ ချွမ်ဟွားသည် အခုထိ ပြန်မရောက်သေးပေ။ စိတ်ပူစရာ မလိုလောက်အောင် ချွမ်ဟွားသည် ထက်မြတ်ယုံကြည်ရသော လူငယ်လေး ဖြစ်စေကာမူ စောင့်နေရသည့်အတွက် မိုင် စိတ်ပူပန်နေရသည်။

Tudo passaWhere stories live. Discover now