Episode 50

188 22 2
                                    

《 ပဋိပက္ခများစတင်လာခြင်း 》

      နောက်ဆုံးနှစ်ကျောင်းပြန်ဖွင့်ခဲ့သည်။
    မကြာခင်အလုပ်ခွင်ထဲ ဝင်ရတော့မည်ဖြစ်ပြီး စီနီယာကျောင်းသားဖြစ်လာသည့်အလျောက် တက်သစ်စများအကြားတွင် လေးစားအားကျမှုနဲ့အတူ ရင်းနှီးနွေးထွေးမှုများ ရှိလာခဲ့သည်။ ကျောင်း၏ နာမည်ကျော်လေးယောက်သည်လည်း ယခုအချိန်ထိ ထင်ရှားကျော်ကြားနေဆဲဖြစ်ပြီး  မည်သည့်တက်သစ်စကမှ သူတို့ကို လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပေ။ သူတို့သာ ဘွဲ့ရသွားခဲ့လျှင် ထိုအရာသည်ကပင် ကျောင်းအတွက် နစ်နာစေဦးမည် ဖြစ်သည်။

     TERRA studio တွင် အလုပ်ရသွားသော မိုင်သည် ယခင်က ကဲ့သို့ သူသည် ကျောင်းတွင် တောက်တိုမယ်ရအလုပ်သေးသေးများကို လိုက်မလုပ်တော့ဘဲ သူ၏ ဘွဲ့လက်မှတ်ကောင်းရရှိရေးကိုသာအာရုံစိုက်တော့သည်။ ယွဲ့ယန်၏ ကူညီပေးမှုဖြင့် သူနှင့် ချူးသူဌေးသည်ပင် သိကျွမ်းနေပြီ  ဖြစ်သည်။ သူသည် ဘားသို့ တစ်ပတ်တွင် သုံးရက်ခန့်သာသွားတော့သည်။ထိုအရာကလည်း သူသည် ယွဲ့ယန်ကို အဖော်ပြုပေးရန် သက်သက်သာ ဖြစ်သည်။

    ခွန်သူရသိန်းမြင့်သည် Bartender အလုပ်မှ ထွက်ကာ သူ့ဦးလေး၏ အကူအညီဖြင့်  သူသည် နည်းပညာကုမ္ပဏီတစ်ခုသို့ ဝင်ရောက် လုပ်ကိုင်နေပြီး သူ၏ အနာဂတ်က စိတ်ပူပန်စရာ လုံးဝ မရှိတော့ပေ။ ခွန်သူရသိန်းမြင့်နှင့် မိုင်သည် ကျောင်းမှာသာ တွေ့ဖြစ်ကြပြီး နှစ်ဦးစလုံးက ဆိုရှယ်မီဒီယာကို အထူးတလည်အချိန်ပေးသုံးလေ့မရှိတာကြောင့် ကိစ္စရှိမှသာ ဖုန်းဆက်လေ့ရှိသည်။ တစ်ချို့သော အားလပ်ရက်တို့တွင် မိုင်တို့ တွေ့ဆုံလေ့တော့ ရှိသည်။ 

     သူတို့ ကျောင်းစတက်တုန်းက နေခဲ့သည့် အခန်းကျဥ်းကျဥ်းလေးတွင် ဆက်လက်မနေထိုင်တော့ဘဲ ခွန်သူရသိန်းမြင့်သည် သူ၏  အလုပ်နှင့် နီးသော အခန်းတစ်ခုဆီ ပြောင်းသွားပြီး မိုင်သည်လည်း အတော်အတင့်ကောင်းမွန်သော  အခန်းတစ်ခုကိုငှါးရမ်းလိုက်သည်။ ထိုအခန်းသည် စတိုးဆိုင်တစ်ခု၏ စတုတ္ထထပ်ဖြစ်ပြီး သူသည် ထိုဆိုင်ရှင်အမျိုးသမီးနှင့်လည်း သိကျွမ်းတာကြောင့် ဈေးသက်သာစွာငှါးရမ်းနိုင်ခဲ့သည်။  ထိုအမျိုးသမီး၏ ခင်ပွန်းသည်,သည်  အစိုးရဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး သူသည် ရံဖန်ရံခါမှ ပြန်လာလေ့ရှိတာကြောင့် အပေါ်ဆုံးအထပ်က လွတ်နေလေသည်။ အောက်ဆုံးထပ်တွင် စတိုးဆိုင်ဖွင့်ထားပြီး ဒုတိယထပ်တွင် သူမနေထိုင်သည်။ တတိယထပ်တွင် သူမ၏ သားလေးနေထိုင်ပြီး သူသည် အလယ်တန်း ပထမနှစ်ကျောင်းသားလေးသာ ဖြစ်သည်။

Tudo passaWhere stories live. Discover now