Episode 74 🚀

591 31 2
                                    

74

    ‌ပြည့်ဝလုံလောက်အောင် အနားယူပြီးနောက် ညနေခင်းအချိန်၌ မိုင်သည် လန်းဆန်းစွာ နိုးထလာခဲ့သည်။ ​အိပ်ပျော်နေသော ချွမ်ဟွားမနိုးစေရန် ဖြေးညှင်းစွာ ထလိုက်ပြီးနောက် ရေချိုးသန့်စင်လိုက်သည်။ ညနေစာကို ချက်ပြုတ်ပြင်ဆင်ပြီးချိန်၌ ချွမ်ဟွားသည် မိုင်၏ နောက်ကျောကို သိုင်းဖက်လာသည်။

" ဘယ်ချိန်တုန်းက ထသွားတာလဲ "

" အဲတာ ပြသနာမရှိဘူး၊ မြန်မြန်ထပြီး ရေသွားချိုး၊ပြီးရင် ငါ ပြောတဲ့ နေရာကို လိုက်ပို့ပေးမယ် "

    ချွမ်ဟွားသည် ခွေးပေါက်ကလေးကဲ့သို့ မိုင်၏ ပခုံးကို အနည်းငယ်ကိုက်ပြီးနောက် သူ၏ အခန်းထဲသို့ ပြန်ကာ ရေချိုးသည်။

   ညနေစာစားပြီးနောက် မိုင်တို့သည် အင်ပါယာမြို့တော်၊မြေအောက်လောက၏ ကျင်လည်ရာ နေရာသို့ ရောက်လာခဲ့သည်။ ချွမ်ဟွားသည် သူ၏ မျက်ခုံးများကို ကျုံ့ထားပြီး မိုင်နောက်ကို လိုက်လာခဲ့သည်။ မိုင်သည် ချွမ်ဟွား၏ မျက်နှာလေး ပြုံးစေရန် ပါးပြင်ကို ဖွဖွလေး နမ်းလိုက်သည်။ ချွမ်ဟွားသည် တိတ်တဆိတ်ပင် မိုင်နောက်ကို  လိုက်လာခဲ့သည်။ မိုင်တို့ ရောက်နေသော နေရာသည် တရားမဝင်ဈေး၏ လမ်းတစ်ခုဖြစ်ပြီး မိုင်သည် ထိုကဲ့သို့သော လမ်းသရဲများရှိသည့်နေရာကို အေးဆေးသက်သာစွာ လျှောက်ဝင်သွားသည်။ E cigaretteကို ပါးစပ်မှာ ခဲထားပြီးး အနက်ရောင်ရှပ်အင်္ကျီကို ‌တောင့်တင်းသော ရင်ဘတ်များပေါ်သည့်အထိ လှစ်ထားပြီး စတိုင်ပန့်ဘောင်းဘီရှည်ဖြင့် မိုင်သည် အလွန်ကို ခန့်ညားနေသည်။

ခြွင်းချက်အနေဖြင့် မိုင်၏ ရင်ဘတ်နှင့် လည်ပင်းထက်ရှိ အမျိုးမျိုးသော Hickey ရာများသည် ရှိနေခဲ့သည်။ မိုင်သည် ထိုအရာတို့အတွက် အနည်းငယ်မျှပင် ကသိကအောက်ဖြစ်ပုံ မရသည့်အပြင် သူ၏ ရင်ဘတ်ကိုပင် လှစ်ဟပြနေသေးသည်။

   မိုင်နှင့် စာလျှင် ချွမ်ဟွားသည် Hoodieအနက်နှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်လာ၍ သူတို့နှစ်ဦး မတူညီသော Theme ဖြစ်နေပြီး လမ်းသွားလမ်းလာများအကြား ထင်းနေသည်။ ချွမ်ဟွားသည် မိုင်သည် အဘယ်ကြောင့် ဤကဲ့သို့သော တရားမဝင်သော နေရာကို လာသည်ကို မသိသော်လည်း သူ မမေးမိပေ။

Tudo passaWhere stories live. Discover now