Episode 71

178 24 0
                                    

​.  လေယာဉ်မယ်လေး၏ ချိုသာသော အသိပေးနှိုးဆော်သံ၏အဆုံး၌ မိုင်သည် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ ဆယ်နာရီကျော်စီးနှင်လာရသောကြောင့် သူသည် အလွန်အမင်းပင်ပန်းနေပြီး သူ၏ လက်ချောင်းများကိုပင် ဆွဲထူရန် အားမရှိတော့ချေ။ မိုင်သည် လေယာဉ်ပေါ်မှ ဆင်းရန် သူ၏ကုတ်အင်္ကျီကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်သည်။ ပြီးနောက် နေကာမျက်မှန်ကို တပ်ပြီးနောက် သူသည် လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ မြေပြင်ကို ထိသည်နှင့် မြောက်ပိုင်း၏ အေး‌ခဲ‌သော လေအေးက မျက်နှာကို ရိုက်ခတ်သွားတာကြောင့် မိုင်သည် လမ်းကို ခပ်သွက်သွက်လျှောက်ကာ သူ၏ ခရီးဆောင်သေတ္တာကို သွားရွေးလိုက်သည် ။ အပြင်ထွက်ရန် တန်းစီနေရစဉ် မိုင်သည် မှန်၌ ခပ်ဝါးဝါးပေါ်နေသော သူ၏ ပုံရိပ်လေးကို ခေတ္တကြည့်နေမိသည်။

    ပြီးနောက် ကားငှားရန်အတွက် ဖုန်းထုတ်လိုက်စဉ် သူ့၏ နာမည်ကို ခေါ်သံကို ကြားလိုက်ရပြီး တစ်ဆက်ထဲ အဖက်ခံလိုက်ရသည်။

"နောက်ဆုံးတော့ ကောကော ပြန်လာပြီ "

"လီယွီကျိုး "

   နှစ်အနည်းငယ်အတွင်း နာမည်ကောင်းနှင့် ထိပ်တန်းတွင် ရပ်တည်နိုင်နေသော စူပါစတား လီယွီကျိုးသည် ရှည်လျားသောအရပ်နှင့် ခန့်ညားနေသော အမျိုးသားလေး ဖြစ်နေချေသည်။ ရုပ်ဖျက်ကာ လာ‌သော်ငြားလည်း ဖုံးကွယ်မရနိုင်သော ခန့်ညားမှုတို့က ရှိနေဆဲ ဖြစ်သည်။ မိုင်သည် ယွီကျိုး၏ ပခုံးကို ဖက်ရင်း သူတို့သည် နှစ်ပေါင်းများစွာ ခင်တွယ်ခဲ့သော မိတ်ဆွေများကဲ့သို့ စကားပြောရင်း လေဆိပ်မှ ထွက်လာကြသည်။

" အစ်ကိုလာမယ်ဆိုတာ ဘယ်လိုသိတာလဲ" မိုင်သည် ကားမောင်းသူ နေရာတွင် ဝင်ထိုင်လိုက်ပြီး ရေသောက်နေလိုက်သည်။

" ကောကောက စိမ်းကားနေရက်လိုက်တာ၊ မနေ့က ဟိုကောင်လေးဆီက သိရတာ။ အဲတာတောင် မပြောဘူးလုပ်လို့ နည်းနည်းပါးပါး အားသုံးမေးထားရတာ ၊အားးးးး ကောကော တကယ်ရက်စက်တယ်!! ကျွန်တော့် ရင်ဘတ်ထဲမှာ သွေးတွေ စီးကျနေပါပြီနော်၊ "

   မိုင်သည် ကားစက်နှိုးပြီးနောက် သူနှင့် သုံးနှစ်မျှ ဝေးကွာနေခဲ့သော ပေကျင်း၏ မြို့လမ်းမပေါ် မောင်းနှင်လိုက်သည်။ လီယွီကျိုးသည် မိုင်ကို အတိုးချကာ စကားပြောနေခဲ့သည်။ မိုင်သည် သူပိုင်ဆိုင်သော LUNAR ၏ ကွန်ဒိုအခန်းသို့ မောင်းလာခဲ့သည်။ ကီအန်နှင့် ယန်ကီသည် ဦးစွာ ရောက်နှင့်နေပြီး မိုင်၏ အခန်းသန့်ရှင်းရေးနှင့် အစားအသောက်များချက်ပြုတ်နေကြသည်။ မိုင်သည် သူ့ကိုယ်တောင် အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ခံစားနေရသည်။ မည်သည့်အချိန်က သည်မျှအထိ ကံကောင်းခဲ့သလဲ မသိတော့ချေ။

Tudo passaWhere stories live. Discover now