Episode 36

193 25 6
                                    

  《 ကျစ်ဖူကျွန်း၊ ယန်ထိုင်မြို့》

" မိုင်ဂင်္ဂါသန့် ဟေ့ကောင် ထတော့ "

   ပခုံးကနေ ကိုင်လှုပ်နိုးခံရတာကြောင့် မိုင် နိုးလာခဲ့သည်။ သေသေသပ်သပ် ဝတ်စားပြင်ဆင်ထားတဲ့ ခွန်သူရသိန်းမြင့်က သူ့ကို လာနှိုးသည်။

"မင်းက ဘယ်သွားမလို့လဲ " မိုင်၏ မေးခွန်းရဲ့ အဆုံးမှာ ဒေါက်ခနဲ မြည်အောင် ခေါက်ခံလိုက်ရ၏။

"မင်းရဲ့channel ကနေ ပါသွားတဲ့ ပိုက်ဆံကို ပြန်သွားယူမလို့ "

"တကယ် ? " မိုင် ဝမ်းသာအားရ မေးမိသည်။

"မြန်မြန်လုပ် "

" အိုခေ ခ " မိုင် အိပ်ရာကနေ ထပြေးကာ ရေချိုးခန်းထဲ ထပြေးကာ အမြန်ဆုံး ပြင်ဆင်ရတော့သည်။ ခွန်သူရသိန်းမြင့်ကတော့ မနက်စောစော သတင်းကို  ဧည့်ခန်းမှာ စိမ်ပြေနပြေ ထိုင်ကြည့်နေသည်။ မိုင်သည် ၁၅ မိနစ်ပင် မကြာသေး ပြင်ဆင်ပြီးသွား၏။

"  ခွန်သူရသိန်းမြင့် ပြီးပြီ ။ မနက်စာ စားပြီးပြီလား"

"အပြင်မှာ စားမယ်"

    ခွန်သူရသိန်းမြင့်က အငှါးကားကို ကြိုတင်ငှါးထားပြီးနောက် မိုင်တို့သည် စားသောက်ဆိုင်တစ်ခုမှာ မနက်စာ စားလိုက်သည်။ ပြီးနောက် ခွန်သူရသိန်းမြင့်ခေါ်ရာ နောက်ကို လိုက်လာခဲ့သည်။ အလယ်အလတ် ဟိုတယ်တစ်ခုကို သွားပြီးအခန်းတစ်ခုငှါးလိုက်သည်။ သိပ်မကြာခင်အချိန်၌ ထိုအခန်းထဲကို လူတစ်ယောက်ရောက်လာသည်။

"သူ..သူဌေးယွဲ့ ! " မိုင်သည် လွန်ခဲ့သော နေ့က သူဌေးယွဲ့၏ Benz ကားတစ်စီးကို ယွန်းပန်းအိမ်နဲ့ ချောင်ပေတို့ ယူသွားတာကြောင့် သူအကြွေးဆပ်ရန် ရှိနေသေးသည်။ ထို့​ပြင် သူတခြားသော ပြသနာများကြောင် ကုမ္ပဏီကို မသွားတော့တာကြာပြီ ဖြစ်တာကြောင့် အခုလို ဗြုန်းစားကြီး တွေ့လိုက်ရတာက သူ့ကို အကြီးအကျယ် ရှော့ခ်ရသွားစေ၏။

" သူဌေးယွဲ့  "

"မင်း ငါ့နာမည်ကို မှတ်မိသေးတာပဲ "  သူဌေးယွဲ့က သူ့ကိုစိတ်ပျက်နေတယ်ဆိုတာသိသာလှသည်။

"ကျွန်တော် အသုံးမကျတာပါ "

" မင်းက ငါ​ သတိပေးတာကိုမှ နားမထောင်ခဲ့ဘဲကိုး။ ငါ အစောကြီးထဲက မင်းကိုပြောခဲ့သားပဲ။ အခုလို ဖြစ်နေတဲ့အချိန် မင်းသူငယ်ချင်းကြောင့်သာ မဟုတ်ရင် ငါ အခုလိုအခြေအနေတွေကို သိရမှာတောင် မဟုတ်ဘူး။ ဆယ်နှစ်နီးပါးကာလအတွင်း မင်းငါ့အပေါ် ယုံကြည်မှုက ဒါပဲလား? " သူဌေယွဲ့က စိတ်တိုဒေါသထွက်စွာ ပြောလေသည်။

Tudo passaWhere stories live. Discover now