Episode 5

483 54 3
                                    

      《 အလှလေးက ငါနဲ့ အတူအိပ်တာ 》

  ချွမ်ဟွားအတွက် မိုင် အိပ်ရာပြင်ပေးပြီးနောက် ချွမ်ဟွားက အဝတ်တွေကို ချွတ်နေသည်။ မိုင် လန့်သွားသည်။

"ကော အဆင်မပြေလို့လား ကျွန်တော်က အဝတ်နဲ့မအိပ်တတ်လို့ပါ "

"ရပါတယ် မင်းအဆင်ပြေသလိုပေါ့ ၊ အကုန်တော့ မချွတ်အိပ်နဲ့နော် ၊ ညဖက်ဆို အေးတယ်ကွ၊ ငါ အိပ်ရာတော့ ပြင်ပေးပြီးပြီ ၊ "

      မိုင်ရဲ့ အိပ်ရာကုတင်က ၂ယောက်အိပ်ကုတင်ဆိုပေမဲ့ ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်ပြီးသား အမျိုးသား၂ ဦးတွက်တော့ အနည်းတော့ နီးကပ်နေသည်။  မိုင်က သူ့ဘေးနားမှာ အလှလေးတစ်ယောက် ရှိနေသဖြင့် စိတ်လှုပ်ရှားနေသည်။  အမှောင်ထဲက ခပ်ဝါးဝါးမြင်နေရတဲ့ ဘေးတိုက်မျက်နှာလေးက သူ့ရင်ကို  တဒိတ်ဒိတ်ခုန်နေစေသည်။

" ကော အိပ်ပျော်သွားပြီလား "

"မအိပ်သေးပါဘူးကွာ "

" ကောက တရုတ်လူမျိုးလား "

"မဟုတ်ပါဘူး ၊ ငါက အလုပ်လာလုပ်တာ ၊ ရောက်တာတော့ ၆ နှစ်လောက်ရှိနေပါပြီ ၊ မင်းလည်း တရုတ်အစစ်တော့ မဟုတ်ဘူးမလား "

"အင်း ၊ ကော တရုတ်စကားပြောတာ အရမ်းကောင်းတာပဲ ၊ ကျွန်တော် တွေ့ဖူးသမျှထဲမှ အကောင်းဆုံးပါပဲ "

"နေတာ ကြာသွားလို့ပါကွာ ၊ ငါက မြန်မာကလေ "

"မြန်မာ ? "

"ဟုတ်တယ် ၊ငါ ငယ်ငယ်က မြန်မာမှာ မွေးပြီး အကြာကြီးနေခဲ့တာလေ ၊ နောက်ကျတော့လည်း အဆင်မပြေတော့ ထွက်လာခဲ့တာ "

" ကော မြန်မာကို မလွမ်းဘူးလား "

"လွမ်းစရာလည်း ထွေထွေထူးထူး မရှိပါဘူးကွာ ၊ ငါ့ငယ်ငယ်တုန်းက စိတ်ဆင်းရဲစရာကြီးပါကွာ ၊ တက္ကသိုလ်ဘဝကလည်း အင်းး  လွမ်းစရာရှိရင်လည်း  နာစရာနဲ့ ဖြေရတာပေါ့ "

"ကောမှာ မိန်းမရှိတယ်ဆို "

"သူနဲ့က ၂ နှစ်လောက်ပဲ ပေါင်းလိုက်ရတာပါ ၊ အခုလည်း နောက်တစ်ယောက်နဲ့ဆိုပဲ ၊ တော်သေးတယ်ပြောရမယ် ၊ မဟုတ်ရင် ငါထောက်ပံ့ပေးနေရဦးမှာ ၊ ဒါနဲ့ မင်းကရော "

Tudo passaWhere stories live. Discover now