Episode 45

188 23 0
                                    

《  ကျောင်းရဲ့ နာမည်ကျော်တွေကို နေ့လယ်စာမချက်ကျွေးသင့်ဘူး !!!   》

     ကျောင်း၏ နာမည်ကျော်လေးယောက်က ဒီနေ့ စုံစုံညီညီကျောင်းပြန်တက်ကြပြီမို့လို့ ကျောင်း Group Chat ထဲမှာတော့ အေးဆေးတည်ငြိမ်နေလေသည်။ မိုင်သည်လည်း စိတ်အေးလက်အေးဖြစ်နေသည်။ သူသည် မနေ့ညက ဘားတွင် ငွေစအပိုလေးများစွာ ရရှိခဲ့ခြင်းကြောင့် သူ့ညီကို ကောင်းမွန်တဲ့ ဟင်းလျာကို ဝယ်ကျွေးခဲ့သည်။ ခွန်သူရသိန်းမြင့်ကိုလည်း သူ မနက်စာ ကောင်းကောင်းလေး ဝယ်ကျွေးလိုက်သည်။ ခါတိုင်းသာဆို ခွန်သူရသိန်းမြင့်က သူ့ကို မနက်စာကျွေးလေ့ရှိသည်။ သူအနေနဲ့ ပြန်ဧည့်ခံနိုင်ပြီ ဖြစ်တာကြောင့် သူအတော်လေးကို စိတ်ချမ်းသာနေသည်။ မနက်ခင်းအားလပ်ချိန်တွင် ကျန်သောသူများက အားကစားကွင်းကို သွားနေချိန်တွင် သူသည် စာကြည့်တိုက်ကို ထွက်လာခဲ့သည်။

  သူသည် အားလပ်ချိန်များတွင် စာပေဖတ်ရှုရသည်ကို သဘောကျသည်။ သို့ပေမဲ့ သူ၏ အလုပ်ချိန်များသည် များပြားလွန်းပြီး အလုပ်ပြီးချိန်တွင် သူသည် အလွန်အမင်းပင်ပန်းနေခဲ့သည်။ ကျောင်းက ပေးသော အိမ်စာများနှင့် Tutorial များဖြေနိုင်ရန်အတွက် ကျောင်းစာကိုသာ ပြီးစီးအောင် လိုက်လုပ်ရပြီး  သူ့အတွက် စာပေအနည်းငယ်သာ ဖတ်ရှုနိုင်သည်။ ဘတ်စ်ကားစီးသည့်အချိန်မျိုးတွင်သာ online reading application များမှ တစ်ဆင့် သူဖတ်ရှုရသည်။ သူ့လို အလုပ်ရှုပ်နေသည့်သူအတွက် စာအုပ်ကို အုပ်လိုက်ကိုင်ပြီး စိမ်ပြေနပြေ ဖတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

    ယနေ့တွင် သူသည် အချိန်နှစ်နာရီမျှ အားလပ်နေပြီး ကျောင်းစာများပြီးချိန်တွင်  သူသည်  စာကြည့်တိုက်ကို လာခဲ့သည်။ တက္ကသိုလ်စာကြည့်တိုက်သည် အတော်လေးကို ကောင်းမွန်လှပြီး များပြားစုံလင်လှသော စာအုပ်အမျိုးအစားများ ရှိသည်။ စာဖတ်နေသူများရှိနေပေမဲ့ အများကြီးတော့ ရှိမနေချေ။ များသောအားဖြင့် တက္ကသိုလ်ကျောင်းသားတွေက အားကစားလုပ်ဖို့သာ စိတ်ဝင်စားကြသည်။ သူသည်
paleolithic Age and palaeontology ( ကျောက်ခေတ်ဦးကာလနှင့် အတိတ်ဘူမိခေတ်၏ကျောက်ဖြစ်ရုပ်ကြွင်းပညာ) ဆိုတဲ့ စာအုပ်ကို ယူလာခဲ့သည်။

Tudo passaWhere stories live. Discover now