Episode 72

195 22 0
                                        

မြို့တော် စီးပွားရေးတက္ကသိုလ်၏ ဘွဲ့ယူအခမ်းအနားသည် ကြီးကျယ်ခမ်းနားကာ စည်ကားနေသည်။ မိုင်သည် သူ၏ တူလေးအား အပြည့်အဝကူညီထောက်ပံ့ပေးကာ အုပ်ထိန်းသူအနေဖြင့် ထိုပွဲသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားပြီးနောက် မိုင်တို့သည် ပြန်လာခဲ့ကြသည်။ ကီအန်အတွက် သူ၏ အလုပ်ပိုင်းဆိုင်ရာ အနည်းငယ်ကို ကူညီပေးပြီးနောက် မိုင်သည်​ သူ၏ ကွန်ဒိုကို ပြန်လာခဲ့သည်။ သူသည် ပေကျင်း၌ ရက်အနည်းငယ်ထပ်နေပြီးနောက် ပြန်တော့မည်ဖြစ်သည် ။ သူဌေးယွဲ့ကို တွေ့ရန် ဆိုးလ်ကို သွားချင်သေးသော်လည်း သူပျင်းရိနေသည်။ ထို့ကြောင့် ချွမ်ဟွားဆီကို ပြန်ဖို့သာ စိတ်ကူးထားသည်။

သူသည် သူ၏ သူငယ်ချင်းခွန်သူရသိန်းမြင့်နှင့် စကားပြောဆိုနေခဲ့သည်။ ယခုဆိုလျှင် ခွန်သူရသိန်းမြင့်ထံ၌ ချစ်စရာကောင်းသော ကလေးသေးသေးလေး ရှိနေပြီး သူတို့သည် ပျော်ရွှင်ဖွယ်ရာ ကောင်းနေသည်။ မိုင်သည် အားကျနေရုံမှတပါး မတတ်နိုင်ချေ။ဖုန်းခေါ်ဆိုမှု ပြီးသွားသည့်နောက်တွင် သူသည် ကျောက်ခေတ်ဘူမိဗေဒနှင့် ခေတ်သစ်သိပ္ပံပညာဆိုသည့် စာအုပ်ကို ဆွဲထုတ်လိုက်သည်။သူ၏ အခန်းအတွင်း၌ အသံသည် တိတ်ဆိတ်နေပြီး အဆင့်မြင့်လေအေးပေးစက်၏ အသံသည် ငြင်သာစွာ ထွက်ပေါ်နေသည်။ မိုင်သည် သူ၏ မျက်မှန်အပါးလေးကို တပ်ကာ ဆိုဖာပေါ်၌ သက်တောင့်သက်သာထိုင်၍ ထိုစာအုပ်ကို ဖတ်နေသည်။

သူနှစ်သက်သော ပက်ချီဆင်ဖလိုဆောရပ် (pachycephalosaurus)၊ ထရိုင်ဆယ်ရာတော့စ်(Triceratops) ၊ ယူပလိုဆက်ဖလပ်စ်(Euoplocephalus)၊စတီယာကိုဆောရပ်(styracosaurus ) ကဲ့သို့သော ဒိုင်နိုဆောများကို တွေ့သောအခါ သူသည် မူလတန်းကလေးတစ်ဦးနှယ် ပျော်ရွှင်စွာ ဖတ်ရှုနေပြီး ညနေခင်းအချိန်မှ ညဦးအချိန်သို့ပင် ကူးပြောင်းသွားသည်။ သူ၏ လက်ကိုင်ဖုန်းသည် အဆက်မပြတ်မြည်နေခဲ့ပြီးနောက် သူသည် ခါးဆန့်လိုက်သည်။ ဖတ်လက်စနေရာကို Bookmark ဖြင့် ညှပ်ထားလိုက်သည်။ ပြီးနောက် ဖုန်းကို ယူကြည့်လိုက်သည်။ အမည်မသိဖုန်းခေါ်ဆိုမှု ဖြစ်ပြီး ထိုသူသည် သူ့အား ငါးကြိမ်ထက်မနည်းခေါ်ဆိုထားသည်။ နောက်ဆုံးအခေါက်သည် လွန်ခဲ့သော 15 မိနစ်က ဖြစ်သည်။

Tudo passaWhere stories live. Discover now