《 I'm not heartbroken》
မိုင်သည် ကုတင်ပေါ်တွင် တင်ပျဥ်ခွေလျက် သူ့ရှေ့က အနှီလူသားကို စိုက်ကြည့်နေသည်။ လူရန်ဇိုဆိုသော လူသည် အများတကာ၏ နတ်ဘုရားဖြစ်လျှင် မိုင်အတွက်ကမူ နတ်ဆိုးပင် ဖြစ်ချေသည်။ ဤလူနှင့် စတင်ပတ်သက်ထဲက မည်သည့်အရာမှ ကောင်းသည်ဆိုတာ မရှိခဲ့ပေ။ နှစ်ဦးနှစ်ဖက်အကြား ကွာခြားလှတဲ့ အခြေအနေနှင့် ပုံမှန် မဟုတ်သော အခြေအနေဖြင့် စတင်ပတ်သက်ခဲ့ကြသော သူတို့ နှစ်ယောက်တွင် အခုအချိန်တွင် အကျည်းတန်ရုပ်ဆိုးနေပြီ။ မိုင်သည် သူ့အတွက် ဝမ်းနည်းကြေကွဲပေးမည့် သူတစ်စုံတစ်ရာ မရှိတာ သေချာတာကြောင့် သူအတွက် သူသာတိတ်ဆိတ်ငြိမ်သက်စွာရပ်တည်ပေးနေလိုက်သည်။
လူရန်ဇိုသည် အခန်း၏ ပြတင်းပေါက်ကို ဆွဲဖွင့်ပစ်လိုက်သည်။ တံခါးသည် ပြင်သစ်စတိုင် ပြတင်းပေါက် (french window = တံခါးအဖြစ်လည်း အသုံးပြုနိုင်သော ပြူတင်းပေါက်) ဖြစ်သောကြောင့် ညနေပိုင်း လေအေးများ တိုက်ခတ်နေချိန်တွင် သူတို့အခန်းထဲသို့ လေအေးများစိမ့်ဝင်လာပြီး ချက်ချင်းပင် အေးစိမ့်လာသည်။ လူရန်ဇိုသည် သူ့ကို တစ်ချက်မျှတောင် မကြည့်ဘဲ ပြတင်းပေါက်ဘေးရှိ ကျောမှီအမြင့်၏ ထိပ်တွင် ဘေးသစ်သားများပါရှိသော ကုလားထိုင်(wing-chair)တွင် ထိုင်နေကာ တစ်စုံ တစ်ယောက်ကို ဖုန်းဆက်နေလေသည်။ လေအေးများက အဆက်မပြတ်တိုက်ခတ်နေစေမူ လူရန်ဇိုသည် တစိုးတစိလေးတောင် အေးပုံမရပေ။ သူသည် တစ်ဖက်လူကို အော်ငေါက်ကာ ပြောဆိုနေပြီး စိတ်တိုဒေါသထွက်နေပုံလည်း ရသည်။
မိုင်သည် ကုတင်ပေါ်ကနေ ဆင်းကာ ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ညစ်ပတ်နံစော်နေကာ အမျိုးသားအနံ့တစ်ချို့လည်း ရနေသေးသောကြောင့် ဖြစ်သည်။ လူရန်ဇိုသည် တစ်ဖက်လူကို သန့်ရှင်းရေးလုပ်ပေးရန် မသိတတ်မှုကြောင့်လည်း ဖြစ်နိုင်သည်။ သူ၏ ဘောင်းဘီသည် ပေစွန်းမှုတွေ ရှိနေတာကြောင့် သူသည် သူ၏ အိတ်အတွင်းမှ တခြား တစ်ထည်ကို ဝတ်ရန် စဥ်းစားလိုက်သည်။ ထို့ကြောင့် အောက်ခံဘောင်းဘီနှင့် တီရှပ်ကိုသာ ဝတ်ဆင်ပြီး အပြင်ထွက်လာသည်။ လေအေးများကြောင့် သူသည် တုံ့ခနဲ ဖြစ်သွားပေမဲ့ လူရန်ဇို၏ ဘေးတွင် ကျနေသော သူ၏ ကျောပိုးအိတ်ဆီ လှမ်းသွားလိုက်သည်။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...