Episode 67

222 23 0
                                        

အဆုံးသတ်..........

​ရေဒီယိုမှ မိုးလေဝသ,သတင်းကြေညာချက်များကို ထုတ်ပြန်နေပြီး ယခုအပတ်အတွက် ရာသီဥတုသည် ပူနွေးကာ တိမ်အနည်းငယ်ထူနေမည် ဖြစ်ကြောင်း ချောမောလှပသော သတင်းကြေညာသူသည် မိုးလေဝသမြေပုံအားထောက်ပြရင်း ပြောနေသည်။ သတင်းပြီးဆုံးသွားသည့်နောက်၌ တခြားရုပ်သံချန်နယ်လိုင်းမှ သီချင်းမြူးမြူးကြွကြွများ ထွက်ပေါ်နေတာကြောင့် ထပ်မံကျော်လိုက်သည်။ ပြီးနောက် သာယာချိုအေးသည့် သံစဉ်ငြိမ့်ငြိမ့်ညောင်းညောင်းများ ဖွင့်သည့်လိုင်းကို ပြောင်းဖွင့်လိုက်သည်။ နံနက်ဆယ်နာရီကျော်ရှိပြီ ဖြစ်တာကြောင့် ‌နေလည်စာထွက်စားရန်အချိန်လည်း မဟုတ်သေးသဖြင့် မိုင်သည် ရေလောင်းရန် ပြင်လိုက်သည်။

New Yorkသို့ ရောက်ပြီးနောက် မိုင်သည် ချွမ်ဟွားနှင့်အတူ နိုဟိုရှိ အိမ်ခန်းသို့ ပြောင်းရွှေ့လာခဲ့သည်။ချွမ်ဟွားသည် မြို့နှင့်ဝေးသည့် အတော်အတန်အေးချမ်းသည့်နေရာတွင် ကြီးမားသော အိမ်ကြီးကို ဝယ်ထားသော်လည်း ထိုနေရာမှ ချွမ်ဟွားတက်မည့် ကိုလံဘီယာတက္ကသိုလ်သည် အတော်လေး ဝေးလှတာကြောင့် မြို့တွင်း၌သာ နေထိုင်ကြသည်။ သူ၏ ကောင်လေးသည် မနက်ခင်းစော‌စောထကာ သူ့အတွက် မနက်စာပြင်ဆင်ပေးခဲ့ပြီး စက်ဘီးဖြင့် ကျောင်းသွားတက်၏။ နေ့လယ်ခင်းတွင် မိုင်သည် အလုပ်အားလပ်ပါက ကျောင်းကန်တင်းသို့ သွား၍ အတူတကွ နေ့လယ်စာ‌ စားလေ့ရှိပြီး ချွမ်ဟွားသည် ညနေပိုင်း အချိန်ပို မရှိပါက စောစောပြန်ကာ သူတို့နှစ်ယောက်အတွက် အချိန်လေးတွေ ရှိသည်။သို့သော်လည်း ယင်းသည် ဖြစ်တောင့်ဖြစ်‌ခဲအောင်ပင် နည်းပါးလှသည်။

မိုင်သည် SHINNIA ရုံးချုပ်မှ အလုပ်ထွက်ပြီးနောက် သူ့အတွက် ယခုအချိန်တွင် စကားလုံးတစ်လုံးသာ ကျန်တော့သည်။ ၎င်းသည် "ပင်စင်စား" ဟူ၍ ဖြစ်သည်။ သူ၏အသက်သည် ယခုမှ သုံးဆယ်ကျော်သာ ရှိသေးသော်လည်း အမှန်တကယ်ကြီး ပင်စင်စားတစ်ယောက် ဖြစ်နေလေသည်။ သူ၏ ကောင်းမွန်သော အရည်အချင်းကြောင့် ရုံးချုပ်မှ ပေါ့ပေါ့ပါးပါး အလုပ်သေးသေးများကို ပေးထားပြီး ပုံမှန်ဝင်ငွေရနေသည်။ တစ်ခါတစ်ရံ၌ ပရောဂျက်အသစ်များအတွက် ဆွေးနွေးရန် ရံဖန်ရံခါ ရုံးချုပ်ကို သွားရလေ့ရှိပေမဲ့ ၎င်းသည် မိုင်အတွင် အရေးမကြီးလှပေ။ အပြင်ထွက်လိုက်သည်နှင့် အနည်းငယ်ပူနွေးသော နေအပူချိန်ကို ခံစားလိုက်ရပြီး သူသည် ကားရှိရာသို့ ခပ်မြန်မြန်လေး လျှောက်သွားလိုက်သည်။

Tudo passaWhere stories live. Discover now