《 ပဋိပက္ခများ တစ်ခန်းပြီးဆုံး 》မိုင်သည် ရွေးချယ်စရာ မရှိသောကြောင့် လူရန်ဇို၏ ကားအတွင်းသို့သာ ဝင်လိုက်သည်။ လူရန်ဇိုသည် ကားကို တစ်ဟုန်ထိုး မောင်းနှင်သွားသည်။ ကားအတွင်း၌ လေထုသည် အလွန်အမင်း စိတ်ပျက်စရာကောင်းနေသည်။ လူရန်ဇိုသည် FISHINE၏ ကားပါကင်တွင် ကားရပ်လိုက်သည်။
" မင်းက မင်းဘေးမှာ ယောက်ျားတစ်ယောက်လောက် မရှိတော့တာနဲ့မနေတတ်တော့ဘူးလားဟမ် ၊ အဲကောင်က မင်းကို ဘယ်လောက်တောင် ပေးလိုက်လို့ အဲလောက်ထိ ပြုံးရွှင်နေတာလဲ?"
" လူရန်ဇို မင်းက သောက်ရမ်းကို ရွံစရာကောင်းတာပဲ၊ မင်းနဲ့ ငါက ဘာများ ပတ်သက်လို့ မင်းက ငါ့ကို ဒေါသထွက်နေရတာလဲဟမ်၊ ပြောစမ်းပါဦး ၊ မင်း ငါ့ကို သဘောကျတယ်လို့ ပြောခဲ့လို့ ငါအရူးတစ်ယောက်လို ဖြစ်ပြီး မင်းလို ကောင်နားမှာ အကြာကြီး နေပေးခဲ့ရတယ်။ နောက်ဆုံးတော့ မင်းက ငါ့ကို အပျက်တစ်ကောင်လို့ ကြည့်တယ်။ ငါ မင်းနဲ့ တကယ်မပတ်သက်ချင်တော့ဘူး။ မင်းက သောက်ရမ်း စိတ်ပျက်စရာကောင်းတယ်။ ပြီးတော့ ငါ့ဘာသာ ဘယ်သူနဲ့ပဲ ပတ်သက်ပါစေ အဲတာ မင်းအလုပ် မဟုတ်ဘူး"
" အဲကောင်က တော်တော် အားကိုးရတယ်ပေါ့လေ၊ အခုလို တောင် ငါ့ကို ပြန်ပြောရဲတယ် ဆိုတော့လေ "
" အနည်းဆုံးက သူက ငါ့အပေါ် ကောင်းသေးတယ်လေ "
လူရန်ဇိုသည် မိုင့်ကို ကားပေါ်ကနေ တရွတ်တိုက် ဆွဲခေါ်သွားသည်။ နေ့လယ်ခင်းအချိန်မို့ ကွန်ဒိုတစ်ခုလုံး တစ်စုံ တစ်ယောက်မှ ရှိမနေချေ။ မိုင်သည် ရုန်းကန်ပေမဲ့ လူရန်ဇို၏ အားသန်မှုအကြားတွင် ယက်ကန်ယက်ကန် ပါသွားရသည်။ လူရန်ဇိုသည် မိုင်က အခန်းတွင်း တွန်းထည့်ပြီး အခန်းတံခါးကို လော့ခ်ချပစ်လိုက်သည်။
" လူရန်ဇို မင်းခေါင်းကို ခွေးစားသွားတာလား"
ဖြန်း 💢
" မင်းရဲ့ ဆန္ဒလေးတွေကို ဖြည့်ပေးမလို့လေ "
" မင်း! "
" သူက ဟိုတစ်ခါက ငါတို့ကို လာချောင်းကြည့်တဲ့ တစ်ယောက် မဟုတ်ဘူးလား? " ဟွမ်ဂျီဝန်းသည် ကြမ်းပြင်ပေါ် လဲကျနေသော မိုင်၏ ခေါင်းပေါ်ကနေ ခေါင်းငုံ့ကာ ကြည့်ရင်း ေပြာလေသည်။ ကီရိုကိုသည် ဆိုဖာပေါ် ပျင်းရိစွာ ထိုင်နေရင်း အနားကို လျှောက်လာသည်။ အက်ဆွန်လောရန့်က မျက်မှောင်ကျုံကာ ကြည့်နေသည်။
YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...