ဇုချီနင်(Zucchinin) / 29.7.2021
ဇာတ်လမ်းနဲ့ မသက်ဆိုင်ပါ။ (Just for Fan ) ။ ရင်ဖွင့်စာသဘောမျိုးမို့ မဖတ်ချင်လည်း ရပါတယ်။ ဟာသအမြင်လေးနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။
ကျွန်မ အလယ်တန်းတုန်းက မှတ်မှတ်ရရ စကားတစ်ခွန်းကို ရုတ်တရတ် သတိရလာလို့ပါ။ အဲတာက "ဘူးယို " ဆိုတဲ့ စကားလိမ် စကားလုံးပါ။ အဲအချိန်တုန်းက ကျွန်မရဲ့ အတန်းထဲက အတန်းဖော်ကောင်လေး ပြောရမယ်ဆို သူက ကျွန်မရဲ့ crush ( သူက Gay ကောင်လေး) က သူရဲ့မိသားစုက အတော်လေးက ရာထူးကြီးတဲ့ မိသားစုဖြစ်တာကြောင့် သူက အတော်လေးမောက်မာတယ်။ တော်ရုံလူနဲ့ မခင်တတ်ပေမဲ့ ကျွန်မနဲ့ ကျတော့ စာကြည့်တိုက်သွားတိုင်း ခနခနတွေ့နေကြပြီး အလယ်တန်းဆိုတော့ အတော်လေး ငယ်သေးတာကြောင့် ခင်သွားတယ်။သူက အတော်လေးကို စာဖတ်ပြီး မိသားစုကြောင့် ကျွန်မတို့ကို မတူမတန်သလို ဆက်ဆံလေ့ရှိတယ်။ တစ်နေ့ ကျွန်မက ပုံပြင်တစ်အုပ်တစ်အုပ် ဖတ်နေတုန်းက သူက သူသဘောကျတဲ့ ကောင်လေး အကြောင်းကို အင်္ဂလိပ်လို ကဗျာလေး ရေးပြီး လာပြတတ်တယ်။ (ကျွန်မရဲ့ အင်္ဂလိပ်စာက အတော်လေးညံ့ပြီး မြန်မာစာကလည်း ဒုတိယဘာသာစကားဖြစ်နေပြန်တယ်)။
အဲတာကြောင့် ကျွန်မက သူ့ကို့ " ဘူးယို" လို့ ခေါ်လေ့ရှိတယ်။ သူက သူသဘောကျတဲ့ ကောင်လေးကို တွေ့တိုင်း မြန်မာစာချိုးလေးတွေနဲ့ ပြောတတ်တယ်။ ဥပမာ ကျောင်းဆင်းခါနီးဆိုရင် " ထန်းလျက်နဲ့ ဆား " အဓိပ္ပါယ်က "လွမ်းလျက်နဲ့ သွား" အိမ်မပြန်ချင်သေးပေမဲ့ ပြန်ရတယ်ပေါ့ ။ ကျောင်းလာရင် "ကျွန်းတုံး ကြောင်လျှောက် " အဓိပ္ပါယ်က "လွမ်းတုန်း မောင်ရောက် " အဲလိုလေး ပြောတတ်တယ်။ တခြားစာချိုးတွေ အများကြီးရှိပါသေးတယ်။ ကျွန်မတော့ မေ့ကုန်ပြီ။ 😅။
သူက အဲတုန်းက ငယ်သေးတဲ့ အပြင်ကို သူအိမ်ကလည်း သူရဲ့ လိင်စိတ်တိမ်းညွှတ်မှုကြောင့် ပြင်းပြင်းထန်ထန်ကို အပြစ်ပေးလေ့ရှိတယ်။ သူက ကျောင်းလာရင် အဲကောင်လေးနားကိုလည်း မသွားရဲဘဲ ကျွန်မနဲ့ အတူစာအုပ်လာဖတ်လေ့ရှိတယ်။ ပြီးရင် သူက ယောကျ်ားနဲ့ မိန်းမကြားက မေတ္တာတွေပဲ ရှိတာ မဟုတ်ဘဲ တခြားသော မေတ္တာဆက်နွယ်မှုတွေပါ ရှိကြောင်း၊ သူ မိန်းမတွေကို မနှစ်သက်ကြောင်း ၊ စတာတွေကို ကဗျာလေးတွေ ရေးတတ်တယ်။ ပြီးရင် ကျွန်မကို လာလာပြတာ။ 😆။ အင်္ဂလိပ်စာအရေးအသားလည်း ကောင်းပြီး စာသားတွေကလည်း ထိထိမိမိ ရှိတယ်။ အခုလည်း ကဗျာတွေ ရေးနေသေးတယ်လို့ ထင်မိတာပါပဲ။ ကျွန်မက အင်တာနက်ကိုသိပ်မသုံးဖြစ်တော့ မသိ။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...