Episode 59

198 27 1
                                        


    နောက်တစ်‌နေ့၏ နံနက်စောစော မိုင်နိုးလာသည့်အချိန်တွင် ရာသီဥတုသည် အုံ့မှိုင်းနေကာ အပူချိန်ကလည်း ရုတ်တရက်ကြီး ကျဆင်းနေသည်။ နှင်းတွေ မကျစေကာမူ လေထုက အေးစက်ကာ စိတ်ထဲ ညစ်ညူးချင်စရာ ဖြစ်နေသည်။ ချိန်းဆိုထားသော ကိစ္စကို ဖျက်ရန် စဉ်းစားပေမဲ့ ရာသီဥတုသာယာနိုင်မည်ဟူသော မိုးလေဝသကြေညာချက်ကြောင့် အပြင်သွားရန် ပြင်လိုက်သည်။ ရေနွေးနွေးနဲ့ ရေချိုးနေစဉ် မှန်ထဲ၌ ပေါ်နေသော ကိုယ့်ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။

  ချွမ်ဟွားသည် ပြောစကားနားထောင်စွာပင် လည်ပင်းနဲ့ ရင်ဘတ်မှာတော့အမှတ်အသားတွေ မလုပ်ခဲ့ပေ။ သို့သော်လည်း ပေါင်အတွင်းဖက်တွင်မူ အတော်လေးကို ဆိုးရွားသည့် hickey ရာ အသစ်နဲ့ အဟောင်းတွေ ရောနေသည်။ မိုင်သည် ခွေးပေါက်လေးကို ဆူရမည်လော ရယ်ရမည်လော မသိပေ။ သူလုပ်တဲ့ပုံစံနဲ့ ဘယ်လိုများ တခြားသူရှေ့မှာ ဘောင်းဘီချွတ်ပြရဲဦးမှာလဲ။ တကယ့်ကို မလွယ်ကြောလေး။

  ရေချိုးပြီးနောက် မိုင်သည် ​နီညိုရောင် ( ငါးရှဥ့်သွေးရောင် ) ဆွယ်တာနှင့် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ကာ ကြက်သွေးရင့်ရောင် ကုတ်အရှည်ကို ထပ်ကာ ဝတ်ထားသည်။ ပြားချပ်သော ခါးသည် အခုလို ဆွယ်တာ‌ကြောင့် ပိုမိုပင် ပါးချပ်နေသယောင်ရကာ ‌ရှည်လျားသော ခြေတံကို ပို၍ ရှည်လျားနေပုံပေါက်စေသည်။ ရှူးဖိနပ်ကို အကျအနဝတ်ဆင်ပြီးနောက် မိုင်သည် အခုအချိန်ထိ အိပ်ရာပေါ် အပျင်းကြီးကာ စောင်ပုံကြားထဲ နစ်နေဆဲ ဖြစ်သော ချွမ်ဟွားကို နှိုးလိုက်သည်။

"အစောကြီးပဲ ရှိသေးတာကို သွားတော့မှာလား " ချွမ်ဟွားသည် သူ၏ ခဲရောင်ဆံပင်များက ရှုပ်ပွနေလျက် သူသည် စောင်ပုံကြားထဲက ခေါင်းဖော်ရင်း မေးလာသည်။

"အင်း ၊ မနက်စာကို စားဖြစ်အောင် စားဦး၊ ပြီးတော့ သိပ်နောက်ကျတဲ့ အထိအိပ်မနေနဲ့ "

" ‌fofo ကလည်း "

"အခုမှ fofo လို့ ခေါ်ဖို့ သတိရတာလား "

"နေစမ်းပါဦး ဘာကိစ္စနဲ့ ဒီလောက်ထိ ပြင်ထားတာလဲ? တူလေးနဲ့ တွေ့ဖို့သွားမှာကို အပိုတွေ ပြင်ဆင်ထားတာပဲ။ဦး‌လေးကြီးနော် ကျွန်တော်ပါ လိုက်ရမှာလား  "

Tudo passaWhere stories live. Discover now