လေယာဉ်တံခါးမှ မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးသော လေပြေသည် မိုင်၏ မျက်နှာကို တိုးဝှေ့ကျီစယ်လာသည်။ မိုင်သည် အချိန်ကြာမြင့်စွာ လေယာဉ်စီးလာရမှုကြောင့် သူ၏ အကြောအဆစ်များ ညောင်းညာနေတာကြောင့် ခါးဆန့်လိုက်သည်။ နွေးထွေးသော နွေဦးရာသီကြောင့် မိုင်သည် သူ၏ အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်၍ ရှပ်အင်္ကျီအဖြူရောင်ကို အပေါ်ကြယ်သီးနှစ်လုံးခန့်ဖြုတ်လိုက်သည်။ ခြေတံရှည်ရှည်တို့ကို ပေါ်လွင်စေသော စတိုင်ပန်ဘောင်းဘီနှင့် မိုင်သည် အလွန့်ခံ့ညားသော အမျိုးသားဖြစ်တာကြောင့် အမျိုးသမီးတို့သည် မိုင်ကို ကြည့်၍ ပြုံးနေသည်။ မိုင်သည် သူတို့ကို ပြန်လည်ပြုံးပြလိုက်ပြီးနောက် နေရောင်ခြည်ကို ကာကွယ်ရန် နေကာမျက်မှန်ကို တပ်လိုက်ပြီး လေဆိပ်ထဲကို ဝင်လာခဲ့သည်။
မိုင်သည် လေယာဉ် check out လုပ်နေစဉ်၌ သူ၏ အနားသို့ တစ်စုံတစ်ယောက်သည် လေအလျင်ဖြင့် ရောက်ရှိလာပြီး သူ့၏ ပါးကို ဖြတ်ခနဲ နမ်းလိုက်သည်။ ပြီးနောက် မိုင်ကိုလည်း တင်းတင်းကြပ်ကြပ်ဖက်ထားသေးသည်။ reception မှ အမျိုးသမီးငယ်လေး၏ မျက်နှာသည် ရှက်သွေးများ ဖြာလျက် မိုင်တို့ကို ကြည့်နေလေသည်။
" ချွမ်ဟွား လွှတ်ဦး" မိုင်သည် ချွမ်ဟွား၏ လက်ကို ဖြုတ်သော်လည်း ပြုတ်တူကဲ့သို့ ဖက်တွယ်ထားတာကြောင့် မတတ်သာသည့်အဆုံး၌ မိုင်သည် သားပိုက်ကောင်ကဲ့သို့ပင် ချွမ်ဟွား၏ တရွတ်တိုက်ဖက်ခံထားလျက် အလျင်အမြန်ပင် စစ်ဆေးရေးဝင်ပြီးနောက် ပြန်ထွက်လာခဲ့သည်။
"ကိုကို အရမ်းမိုက်တာပဲ " ချွမ်ဟွားသည် သွားဖြူဖြူများ ပေါ်သည့်အထိ ပြုံးရင်း ဆိုသည်။
ချွမ်ဟွားသည် မိုင်ပြန်လာသည်ဆိုသဖြင့် မနက်စောစောအချိန်ကပင် လေဆိပ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်မှ ဆင်းလာသော မိုင်သည် နေရောင်ခြည်၏ အောက်၌ အလင်းတန်းများ ဖြာထွက်နေသကဲ့ပင် ဖြစ်နေပြီး ဖော်ရွေစွာ ပြုံးတတ်သော အပြုံးကြောင့်ပင် လူကြီးဆန်သော ရသကို ရစေသည်။ စတိုင်ပန့်နက်ပြာရောင်ကို အဖြူရောင်ရှပ်အင်္ကျီဖြင့် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော်လည်း မိုင်သည် အလွန်အမင်းကို ကြည့်၍ကောင်းလေသည်။ ချွမ်ဟွားသည် လွမ်းဆွတ်နေရသော မိုင်ကို မြင်သည်နှင့် အပြေးအလွှားဖက်တွယ်ထားလိုက်သည်။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...