Episode 39

224 25 2
                                    


   မိုင်သည် ချွမ်ဟွား၏ ကမ်းပေးနေသော လက်ကို ပုတ်ထုတ်လိုက်ကာ အပြင်ထွက်လိုက်သည်။ ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလေ၏။

"ဒါ ဘယ်နေရာလဲ "

" အထဲရောက်ရင် သိရပါ့မယ်။ အခုတော့ သွားကြစို့ "  ချွမ်ဟွားသည် သူ့လက်ကို ကိုင်ရန် လက်ကို နောက်တစ်ကြိမ်ကမ်းနေပြန်သည်။

   မိုင်သည် လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူတို့ ၂ယောက်ကြားမှာ ပြသနာ၊ပဋိပက္ခတွေအများကြီးရှိနေသေးတာကြောင့် သူအနေနဲ့ ချွမ်ဟွား၏ ဆန်းသစ်စ လကလေးလို ဟန်ဆောင်ပန်ဆောင်တွေကို ပူးပေါင်းလိုခြင်း တစိုးတစိမျှ ရှိမနေချေ။

    ချွမ်ဟွားသည် တံခါးရှေ့၌ ရပ်နေသော မိုင်၏ တင်ပါးကို လှမ်းညှစ်လိုက်သည်။ပြီးနောက် ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်၏။

" အထဲဝင်ကြစို့ "

   မိုင်သည် ပါးစပ်ထဲကနေ ဆဲရေးတိုင်းထွာသော စကားလုံးမထွက်လာခင် တံခါးပွင့်သွားတာကြောင့် သူ မကျေမနပ်ဖြင့် လိုက်လာခဲ့သည်။ အထဲတွင် သစ်ပင်ပန်းမန်များ စုံစုံလင်လင်ဖြင့် သာယာလှသည်။ ကျောက်တုံးများကိုညှိကာ ခင်းထားသော  လမ်းလေးက ချစ်စဖွယ်ဖြစ်နေသည်။ များစွာသော ပန်းမျိုးစိတ်များကို စုပြုံစိုက်ထားသော်လည်း မျက်စိရှုပ်မနေဘဲ အတော်လေးကို လှပသည်။ အလိုအလျောက်စီးဆင်းနေစေရန် ပြုလုပ်ထားသော လူလုပ် ရေတံခွန်သေးသေးလေးများနှင့် ကျောက်တုံးများကြားက ရေစင်သံသည် အလွန်နားဝင်ချိုဖွယ်ကောင်းသည်။

     ထိုလျှောက်လမ်း၏ ဘယ်ဖက်တွင် သစ်သားအဆောင်တစ်ခုရှိပြီး ရှေးခေတ်လက်ရာပုံစံဖြစ်ပေမဲ့ အသစ်သစ်သော ဖန်တီးချက် လက်ရာဖြစ်သည်။ ထိုအဆောင်နဲ့ အိမ်တော်ကြားတွင် ရေစီးနေသော စမ်းချောင်းသေးသေးလေးရှိပြီး ရေတသွင်သွင်စီးဆင်းနေပြန်သည်။ ထိုစမ်းချောင်းပေါ်၌ တံတားလေးရှိပြီး အိမ်၏ အရှေ့ဖက်နှင့် ဆက်သွယ်ထား၏ ။ အိမ်သည် ၂ ထပ်သစ်သားအိမ်ဖြစ်ပြီး အနောက်ဖက်တွင်မူ အိမ်သေးသေးလေးနှစ်ဆောင်ကို ခြားနားထားပြန်သည်။

Tudo passaWhere stories live. Discover now