Episode 7

385 51 2
                                    

            《 သရုပ်ဆောင် ရွေးချယ်ခြင်း 》

      မိုင် အခန်းထဲ ပြေးဝင်လာပြီးနောက် အခန်းတံခါးကို လော့ချကာ အမှောင်ထဲ တုန်ရီစွာ ထိုင်နေမိသည်။ ရေစက်ဆိုတာ ရှောင်လွှဲဖို့ ခက်မှန်းသိပေမဲ့ အခုလောက်ထိ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။  မိုင် ကြမ်းပြင်ပေါ်ထိုင်ချရင်း သူကိုယ်သူ စိတ်တည်ငြိမ်မှု ရှိစေရန် ကြိုးစားနေရသည်။ နှစ်ပေါင်းများစွာက အတိတ်တွေသည် ယနေ့အချိန်ထိ ကြောက်လန့်အောင် ခြောက်လှန့်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အတိတ်က ပုံရိပ်တွေသည် ဦးနှောက်၏ အတွင်းပိုင်းကနေ တဆစ်ဆစ်တိုးတက်လာ၍ သူ နာကျင်စွာ ကုတင်ကို ဆုပ်ကိုင်ထားလိုက်သည်။ မေ့ပျောက်သွားလုပြီ ထင်ထားခဲ့သော်လည်း အရာအားလုံး ပကတိအတိုင်း ကျန်နေဆဲ ဖြစ်သည်။

     သံသရာဆိုသည်က အချိန်ကျရောက်လျှင် အတည့်အတိုင်း ပြန်လည်တတ်သည့်သဘောရှိသည်ကို သူသိသည်။ သူ့၏ ဘဝသည် ဆုံးမှတ်မရှိတဲ့ သံသရာတစ်ခုကဲ့သို့ ဖြစ်သည်။ ပြေးရင်း ပြေးရင်းနဲ့ အစကို ပြန်ရောက်ပြန်သည်။ မိုင် သူ့ဘဝ၏ ဆိုးရွားလှသော အမှတ်တရဆိုးတွေကို ဆယ်စုနှစ်ဝက်မျှ ကြိုးစားဖျောက်ခဲ့ရသည်။ မေ့ပျောက်လုနီးနီး အချိန်၌ ထိုသူသည်အသစ်တစ်ဖန် သူ့ဘဝထဲ ပြန်ဝင်လာပြန်သည်။  သူဒီနှစ်တွေထဲမှာ သူကိုယ်သူ သန်မာတဲ့လူတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ သူသည် အတိတ်ဘဝကလို ဖြူတ်ဖတ်ဖတ်နဲ့ ပျော့စိစိ အမျိုးသားတစ်ယောက် မဟုတ်တော့ပေ။

    တစ်စစီ ပြိုကွဲနေသော စိတ်တွေကို အတင်းအားယူကြိုးစားကာ ပြန်လည်တည်ဆောက်ထားခဲ့ရသကဲ့ အရင်ကလိုကနွဲ့ကလျဖြစ်နေတဲ့ ခန္ဓာကိုယ်ကို မုန်းတီးစွာနဲ့ အားကစားသမားတစ်ဦးလို ကြိုးစားအားထုတ်ခဲ့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်နေမှုကလည်း သူ့ကို လူတွေ အလွယ်တကူ အန္တရာယ်မပြုနိုင်တော့ပေ။လရောင်နဲ့ ဖြာကျနေတဲ့ အခန်းထဲက ပုံရိပ်ထင်နေတဲ့ မှန်ထဲက  မိုင် သူ့ကိုယ်သူ ကြည့်လိုက်သည်။ ကြောက်လန့်တုန်ရီနေပေမဲ့ အနည်းဆုံးတော့ သူယခင်တုန်းကလို မျက်ရည်မကျနေခဲ့ပေ။ တတ်နိုင်သလောက် ခုခံတွန်းလှန်နိုင်ခဲ့သည် ။

Tudo passaWhere stories live. Discover now