Episode 11

326 45 0
                                    

《  ကောရဲ့ ကလေးလေးက စိတ်ကောက်နေတာပဲ》

" အိမ်ပြန်ရောက်ရင်လည်း အဝတ်သွားလဲလေ။ ကော ဒါလေး လတ်စသတ်ပြီးရင် ဆင်းလာမယ် ။ ညနေစာ တစ်ခုခု ချက်စားကြတာပေါ့ "

" ကော "

"အင်း "

"ကောလို့ "

"အင်း ပြော "

မိုင်က Laptop ကနေ အကြည့်မခွါဘဲ ဖြေနေတာကြောင့် ချွမ်ဟွား မိုင်၏ အင်္ကျီကို ဆွဲကာ ခေါ်နေတော့သည်။ ဒီအတိုင်းသာဆို မိုင် အလုပ်ဆက်လုပ်လို့ မရတော့မှန်း သိတာကြောင့် ချွမ်ဟွားကို ငုံ့ကြည့်လိုက်ရသည်။

" အင်း ပြော "

" ကျွန်တော်တို့ ဒီလိုဆက်ဆံရေးနဲ့ နေလို့ရတယ်မလား "

" ငါ့ဖက်ကတော့ ပြသနာမရှိဘူး။ ငါက အခုအချိန်မှာ လူလွတ်တစ်ယောက်ပဲ။ ပြီးတော့ ငါကိုယ်ငါလည်း လက်ခံထားတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိတာမျိုး မရှိဘူး။ တစ်ခုတော့ ရှိတယ်။ ယွီလေးကိုတော့ အနှောင့်အယှက်ဖြစ်စေလို့ မရဘူး ။ ယွီလေးက ငါထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကလေး။ သူတစ်ခုခုဖြစ်မှာကို ငါမလိုလားဘူး ။ သူစိတ်အနှောင့်အယှက်မဖြစ်စေဘူးဆိုရင် အဆင်ပြေပါတယ် "

" ဟုတ်ကဲ့ ။ ကျွန်တော့်ဖက်ကတော့ ရှင်းရှင်းလေးပဲ ။ ကျွန်တော် ကောကို သဘောကျတယ် ။ "

" အင်း ။ ငါ အလုပ်ဆက်လုပ်ဦးမယ် "

BLLD ဇာတ်ကားရိုက်ရန်အတွက် ထိုင်ဝမ်သို့ ရက်အနည်းငယ်သွားရမည်ဖြစ်ပြီး တခြားကျေးလက်ရွာတစ်ခုကို ရွေးချယ်ရမည်။ ထို့ကြောင့် ယူနယ်ပြည်၊လျိုပင်းခရိုင်က နျူကျဲ့ ရွာလေးကို ရွေးလိုက်သည်။ထိုရွာလေးက ခရီးသွားတွေကြားမှာ အလွန်ထင်ရှားသည်။ အခုက ဆောင်းတွင်းကာလကြီး ဖြစ်နေသေးတာကြောင့် ရိုက်ကွင်းကာလကြာချိန် ၆ လရသည်။ နှောင်းပိုင်း အပိုင်းဆက်တွေအတွက် နျူကျဲ့ရွာလေးကို မိုင် တကယ်ပင် သဘောကျနေသည်။ ရိုက်ကွင်းအတွက်ထိုင်ဝမ်ကို ခရီးသွားရမည်ဖြစ်တာကြောင့် ရိုက်ကွင်းနဲ့ နီးတဲ့ ဟိုတယ်တွေကို ရှာဖွေကို စာရင်းပြုလုပ်ထားရသည်။ အကြမ်းဖျင်းပြီးသွားပြီမို့ မိုင် အကြောဆန့်ကာ အောက်ထပ်ဆင်းရန်ပြင်လိုက်သည်။

Tudo passaWhere stories live. Discover now