《 ငယ်ရွယ်တဲ့ ကောင်လေးက သဝန်တိုနေတာများလား》
ခရီးမသွားခင်အချိန်တွင် ကုမ္ပဏီက ကြော်ငြာတစ်ခုရိုက်ရန် ရှိနေသည်။ မိုင်သည် ထိုကြော်ငြာကို လက်ခံရိုက်ကူးပေးချင်စိတ်မရှိပေမဲ့ မန်နေဂျာရုန်က မိုင်ကို ထိုးအပ်ထားသည်။ ထိုကြော်ငြာသည် ကလေးနို့မှု့န့်ကြော်ငြာတစ်ခုဖြစ်ကာ လူရန်ဇိုနဲ့ မင်းသမီးဟောင်းဖြစ်သူ ချယ်ဟွာ နဲ့အတူရိုက်ကူးရမည်ဖြစ်သည်။ လူရန်ဇိုနဲ့ပတ်သက်သော အလုပ်တွေကို မိုင်မလုပ်ချင်ပေမဲ့ ချယ်ဟွာကို ကူညီလိုသောကြောင့် လက်ခံလိုက်သည်။
ချယ်ဟွာသည် တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့သော မင်းသမီးတစ်လက်ဖြစ်ခဲ့ပေမဲ့ ယခုအချိန်တွင် ကလေး ၂ ယောက်အမေဖြစ်နေသည်။ ဒါရိုက်တာက အမျိုးမျိုးငြင်းဆန်နေပေမဲ့ ယခင်က အောင်မြင်ခဲ့သော မင်းသမီးလည်းဖြစ် ၊ ချယ်ဟွာက အခုလက်ရှိ အမျိုးသားနဲ့ ကွာရှင်းထားပြီး အခက်အခဲများ ရှိနေသည်ဟုဆိုသောကြောင့် မိုင် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်ခွင်ထဲမှာ သူကိုယ်သူ စမတ်ကျနေစေရန်ကြိုးစားရမည်။
ကြောငြာအတွက် ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာမက ရေးထားပြီးပြီ ဖြစ်တာကြောင့် ကြောငြာအတွက် စာချုပ်ချုပ်ရန်နှင့် ရုံးခန်းအတွင်း ရောက်နေကြသည်။
"ကြော်ငြာရိုက်ဖို့ဆို ချယ်ဟွာက ဝိတ်လျှော့ဖို့ လိုအပ်သေးတယ်။ သူက အရမ်းဝနေတာ။ မင်းသားနဲ့ လိုက်ဖက်မှုကို မရှိဘူး ။ "
"ချယ်ဟွာအစား တစ်ခြားတစ်ယောက်ကို ပြောင်းရှာတာ မကောင်းဘူးလား "
ချယ်ဟွာတစ်ယောက်လုံးကို ရှေ့မှာထားပြီး ဝေဖန်သရော်နေကြတဲ့ သူတွေကြောင့် မိုင် ခေါင်းကိုက်ချင်နေသည်။
" ဇာတ်ညွှန်းဖတ်ပြီးရင် မနက်ဖြန်ကျရင် စရိုက်ကြမယ်"
"မန်နေဂျာမိုင် တကယ်ပဲ စူပါစတားတစ်ယောက်ကို သူမနဲ့အတူ တွဲရိုက်ပေးမှာလား "
"ချယ်ဟွာက ဘာဖြစ်နေလို့လဲ "
မိုင် အသံမြင့်မြင့်နဲ့ အော်ငေါက်လိုက်တော့ အားလုံးက ငြိမ်သွားသည်။
![](https://img.wattpad.com/cover/270631704-288-k967903.jpg)
YOU ARE READING
Tudo passa
FantasíaName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...