Episode 24

253 33 2
                                    

《 အစ်ကိုကြီး မိုင်က သူ့ရဲ့ ဇနီးလေးကို သိပ်ဂရုစိုက်တာပဲ။ ငါတို့ မရီး သိပ်ကံကောင်းတာပဲ 》

  နောက်တစ်နေ့ မိုးလင်းလို့ မိုင်နိုးလာတဲ့အခါမှာ သူ့ရဲ့လည်ချောင်းတွေက ခြောက်သွေ့အက်ကွဲနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေတယ်။ အခန်းထဲ ဝေ့ဝိုက်ကြည့်မိပြီး မနေ့ညက အိမ်မပြန်ခဲ့ဘူးဆိုတာ သူသိလိုက်ရသည်။ သူက ချွမ်ဟွားရဲ့ ရင်ခွင်ထဲ အိပ်ပျော်နေပြီး တောင့်တင်းတဲ့ ရင်အုံနဲ့ မျက်နှာကပ်လျက် ဖြစ်နေသည်။ မိုင် ချွမ်ဟွားကို လှုပ်နှိုးလိုက်သည်။

"  fofo ရေသောက်ချင်လား "

  မိုင်ကို ရေသောက်လို့ရအောင် ချွမ်ဟွားက ဂရုတစိုက်ကူညီနေပြီး ဟိုတယ်ကို မနက်စာမှာနေသည်။ မိုင် သူခန္ဓာကိုယ်အောင်ပိုင်းကို စမ်းကြည့်လိုက်သည်။ သန့်ရှင်းရေးလုပ်ထားသည်ဆိုပေမဲ့ လှုပ်လိုက်တိုင်း နာကျင်မှုကြောင့် မိုင် မျက်နှာမဲ့ရွဲ့နေသည်။ ငယ်ရွယ်တဲ့ အလှလေးက အိပ်ရာပေါ်မှာ ဘယ်လိုတောင်  ကြမ်းတမ်းရတာလဲ။ ဟိုတယ်က ပေးထားတဲ့ ပါးလျပ်နေတဲ့ ရေချိုးခန်းဝတ်စုံအောက်က ချွမ်ဟွားရဲ့ သားရဲသတ္တဝါကို မိုင် မကျေမနပ်ကြည့်နေလိုက်သည်။ ချွမ်ဟွားက မိုင်အတွက် မနက်ခင်းဝေယျာဝစ္စတွေကို ကူညီလုပ်ပေးသည်။ လာပို့ပေးတဲ့ မနက်စာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ စားသုံးနေကြသည်။

"fofo ကျွန်တော် ခမ်းမင်အကြောင်းရှာထားပြီးပြီ။ သူဒီနေ့ နေ့လယ်ကျရင် မုရုန်မှာ ရိုက်ကွင်းတစ်ခုရှိတယ်။ သူကရိုက်ကွင်းနေရာကို လာခဲ့ဖို့ ပြောတယ်။ ကျွန်တော် နေ့လယ်ကျရင် လိုက်ပို့ပေးမယ် "

" ကောင်းပြီ "

   မိုင် ချွမ်ဟွားကို အပြစ်တင်ဖို့ တွေးထားသော်လည်း သူ၏ အလုပ်ကိစ္စကိုမမေ့မလျော့ဆောင်ရွက်ပေးထားတာကြောင့် မိုင် ကျေနပ်မိသည်။ မနက်စာစားသောက်ပြီးနောက် ချွမ်ဟွားက ခမ်းမင်၏ အလုပ်အကြောင်းကို အကြမ်းဖျင်း ရှင်းပြသည်။ vedio edit ပိုင်းကို အကူအညီတောင်းဖို့က ခမ်းမင် သဘောကျလောက်တဲ့ ငွေကြေးပမာဏ ပေးရမှာ ဖြစ်တဲ့အပြင် ခမ်းမင်က အလွန်ကို ကဂျီကဂျောင်ကျတတ်သေးသည်။ သို့ပေမဲ့ ချွမ်ဟွားက သူ ကူညီပေးမည်ဟု ဆိုသည်။

Tudo passaWhere stories live. Discover now