Episode 38

210 23 2
                                        

  
《  တစ်စုံတစ်ယောက်က ပဋိပက္ခတွေ ပြေလည်သွားသလို ဟန်ဆောင်နေတယ်! 》

  နောက်တစ်နေ့  မနက် မိုင်နိုးထလာချိန်၌ သူသည် နူးညံ့ညက်ညောသော နက်ပြာရောင် ကုတင်ပေါ်သို့ ရောက်နေသည်။သူသည် သင့်တော်ကောင်းမွန်ပြီး လှပစွာဖွဲ့စည်းထားသော အခန်းကျယ်တစ်ခုထဲကို ရောက်နေသည်။အခန်းသည် ဟောခန်းပုံစံဖြစ်ပြီး အိပ်ရာ၊ဧည့်ခန်းဆိုဖာ၊အဝတ်တန်း၊အလုပ်စားပွဲနှင့် ချက်ပြုရန် နေရာတို့သည် တစ်ခန်းထဲ၌ပင် ရှိသည်။ အခန်းကို မျက်လုံးဝေ့ကြည့်ပြီးနောက် မိုင်သည် ညက အထိုးခံလိုက်ရသော သူ့ဗိုက်ကို လှန်ကြည့်လိုက်၏။ အရှိုက်တည့်တည့်မှာပင်  ညိုမဲစွဲနေသော နေရာကို တွေ့လိုက်ရသည်။

"ဒီခွေးသားတိရစ္ဆာန်ကတော့ ငါ့ကို တကယ်နာအောင် လုပ်တာပဲ "  မိုင်သည် သူ့ဗိုက်ကို ထိကြည့်ရင်း ပြောလိုက်၏။

"အိပ်ရာထရင် အဆဲနဲ့ ထတတ်တာ အကျင့်ဖြစ်နေပြီလား? "

   ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် မိုင် တွန့်ခနဲ ဖြစ်သွားသည်။ ချွမ်ဟွားသည် အပြေးလေ့ကျင့်ရာမှ ပြန်လာပုံရသည်။ ချိုင်းပြတ် အင်္ကျီနှင့် ဒူးအထိ ရှည်သော ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ချွေးထွက်နေတာကြောင့် နဖူးကနေ ချွေးသီးပေါက်တွေ ပါးပြင်ကနေ လည်တိုင်တစ်လျှောက် စီးသွားပြီး ရင်ဘတ်ထဲအထိရောက်သွားသည်။  ကျန်းမာသန်စွမ်းတဲ့ လက်မောင်းနဲ့ ​တုတ်ခိုင်သန်မာတဲ့ ခြေတံရှည်တို့ကြောင် အခုလို မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ဖြစ်တယ်။ ဖိနပ်ကြိုး​ဖြည်နေတာကြောင့် ထိုင်ချနေတော့ ဖြူဝင်းတဲ့ ဂုတ်သားဖြူဖြူလေးတွေနဲ့ ဒီကောင်လေးက ချောမော....ငါ-ိုး ဒီကောင်က မျိုးမစစ်ကောင်၊ အယုတ်တမာကောင်ပဲ။ငါ့ဘဝကို ဖျက်ဆီးတဲ့ကောင်။

" မင်းသောက်ပူပါလား အရူးကောင်ရဲ့။ ဒါ ဘယ်နေရာလဲ? ငါ့ဖုန်းကရော ဘယ်မှာလဲ ၊ငါ အလုပ်သွားရဦးမယ် ၊ "

    တဘတ်တစ်ထည်နဲ့ ချွေးသုတ်နေသော ချွမ်ဟွားသည် မိုင်ကို စူးရှသော အကြည့်ဖြင့် ကြည့်နေသည်။

" အလုပ်မသွားနဲ့လို့ ပြောနေတယ်! "

" ငါ့ကို အမိန့်လာမပေးနဲ့ ။ ငါက အလုပ်လုပ်မလုပ်ဘဲ ဒီတိုင်းထိုင်နေရမှာလား?  ဒီဟိုတယ်အတွက် ငါ ငွေဘယ်လောက်ရင်းနှီးထားရလဲဆိုတာ မင်းသိရဲ့လား? မင်းရဲ့ သောက်ရူးထနေတဲ့ အလုပ်တွေကြောင့် ငါ့ အလုပ်ပျက်မခံနိုင်ဘူး " မိုင်သည် ဘေးနားက မိီးအိမ်တင်ထားသော ခုံကို လက်ဖဝါးနဲ့ ရိုက်ရင်း စိတ်တိုစွာ ပြောသည်။

Tudo passaWhere stories live. Discover now