[လန်ယွီကျွန်းတွင်ခရီးသွားမြှင့်တင်ရေးပရိုဂရမ်ကိုသွားရောက်ရိုက်ကူးခြင်း]
ဇာတ်လမ်းတွဲအတွက် ကောင်းကင်ဗိမာန်ဘုရားကျောင်း၌ ကန်တော့ပွဲပြုလုပ်ပြီးနောက်တွင် ပေကျင်းအမျိုးသားအားကစားရုံ၌ ဇာတ်လမ်းကို စရိုက်သည်။ ထိုအတောအတွင်း ချန်ချန် ၊လီကျန့်ဝေ၊ယွီကျိုး ၊ယန်ကီနှင့် Carioတို့ ငါးယောက်ကို ထိုင်ဝမ်ရှိ သစ်ခွကျွန်း (လန်ယွီကျွန်း)ခရီးသွားမြှင့်တင့်ရေးပရိုဂရမ်အတွက် သုံးရက်ခန့်သွားရန် ရှိလာသည်။ ထိုသုံးရက်အတွင်း ကိုင်ရန်ဇိုနဲ့ နီရန့်တို့က ဇာတ်လမ်းကွက်တွေကို ပြီးသမျှရိုက်ထားရမည်။ ထိုမှသာ ဒီကောင်လေးတွေ ပြန်လာလျှင် နျူကျဲ့ရွာကို သွားရမည် ဖြစ်သည်။ မိုင်သည် ထိုကောင်လေး ၅ ယောက်နဲ့အတူ လေယာဥ်ကွင်းကို ရောက်နေကြသည်။ ရိုက်ကွင်းတွေ ဆက်တိုက်ရိုက်ထားရတာကြောင့် အားလုံးက ပင်ပန်းနေကြသည်။မိုင်ကိုယ်တိုင်ကလည်း ပင်ပန်းနေပေမဲ့ သူတို့ကို ဂရုစိုက်ပေးရသေးသည်။
ဒီလေါက်ထိသိုသိုသိပ်သိပ် ထွက်လာတာတောင် Fan တွေက လေယာဥ်ကွင်းမှာ ရှိနေသည်။ မိုင်အနေနဲ့ သူတို့ကို အပြစ်တင်လိုခြင်းတော့ မဟုတ်ပေ။ မည်သူမဆို မိမိနှစ်သက်သဘောကျသော idol ကို တွေ့လိုကြချည်းသာ ဖြစ်သည်။ သို့ပေမဲ့ ပရိသတ်တွေအနေနဲ့ သူတို့၏ idol များကို နေရာတိုင်း လိုက်နှောင့်ယှက်နေဖို့ လိုအပ်ပါသလား။ အခုလည်း ကားထဲမှာ မိုင်နဲ့အတူ ကောင်လေး ၅ ယောက်လုံးက ငုတ်တုတ်ထိုင်နေရသည်။ အပြင်မှာ တိုးဝှေ့နေတဲ့ သူတို့ Fan တွေကြောင့် ဘယ်လိုမှ သွား၍ မရနိုင်ပေ။ လေယာဥ်ကလည်း တား၍ ရသည်မဟုတ်။ နောက်ဆုံးတော့ မိုင်နဲ့ ကောင်လေး ၅ ယောက်လုံးက လုံခြုံရေးများ၏ အကူအညီဖြင့် လေယာဥ်ပေါ် တက်ရန် ပြင်ရသည်။
တိုးဝှေ့နေသော ပရိသတ်တွေကြောင့် ရံဖန်ရံခါ၌ မိုင်သည်ပင် ထုထောင်းခံရသေးသည်။ လေယာဥ်ကွင်းတစ်ဝက်ကို ရောက်သည်နှင့် မိုင်တို့သည် ပရိသတ်ရဲ့ အလယ်ကနေ ထိုးဖောက်ရန် မဖြစ်နိုင်တော့ချေ။ ပင်ပန်းနေတဲ့ယွီကျိုးခမျာ မိုင်ရဲ့ လက်ကိုသာ တင်းတင်းဆွဲထားတော့သည်။

YOU ARE READING
Tudo passa
FantasiName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...