Episode 46

180 23 0
                                    

  《 အကောင်းစားသူငယ်ချင်းလေးနှင့် ကြားဖြတ်အချစ်ဇာတ်လမ်းတို  》

         အခန်းထဲက မီးရောင်မှိန်မှိန်လေးနဲ့  ထိုးထွင်းမြင်နေရသော မှန်တံခါးကြောင့်  ညရောက်နေပြီ ဖြစ်သည်။ မိုင်သည် အိပ်ရာပေါ်ကနေ ဖြေးညှင်းစွာ ထလိုက်သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုသည် သေမတတ်နာကျင်နေတာကြောင့် သူသည် ကွတကွတဖြင့် လမ်းလျှောက်နေရ၏။ သူ၏ ကျောင်းယူနီဖောင်းဝတ်စုံကို ဘေးနားမှာတွေ့တာကြောင့် သူလဲဝတ်လိုက်သည်။ သူ၏ စိတ်ပျက်ဖွယ်ရာ ကိစ္စရပ်တွေ ဖြစ်ခဲ့တဲ့ ဒီနေရာကို သူရွံ့မုန်းနေသည် ။ ညနက်နေပြီ ဖြစ်တာကြောင့် သူ့ကို ခွန်သူရသိန်းမြင့်လိုက်ရှာနေတော့မည် ဖြစ်သည်။ သူသည် အဝတ်လဲပြီးနောက် အိပ်ခန်းထဲမှ ထွက်ခဲ့သည်။

" နိုးပြီလား ?  ကိုယ် မင်းအတွက် ဆန်ပြုတ်ပူပူလေး ပြင်ထားတယ် ။ လာစားနှင့် " လူရန်ဇိုသည် သူ့ကို အသံပျော့ပျော့လေးနှင့် ချိုသာစွာ ပြောသည်။

"ငါ အိမ်ပြန်မယ် "

" ဆန်ပြုတ်လာစား "   ရှေ့တိုးလာသော လူရန်ဇိုကြောင့် မိုင်သည် နောက်ကို တိုးဆုတ်မိသည်။

"ငါ အလုပ်သွားရဦးမယ် ၊ ငါ ဒီနေ့ ကိစ္စကို ဘယ်သူကိုမှ မပြောပါဘူး။ ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့တော့"  

    လူရန်ဇိုသည် သူ့အနားထိ တိုးကပ်လာသည်။

" ဆန်ပြုတ်စားမှာလား မစားဘူးလား "

" မစားဘူး အား! " လူရန်ဇိုသည် သူ၏ ဆံပင်ကို နောက်က ဆုပ်ကိုင်ထားတာကြောင့် သူသည် နာကျင်စွာ အော်လိုက်မိသည်။

" မင်းကများ ငါ့ကို ငြင်းရဲသေးတယ်။ မင်း ကိုယ်မင်း ဘာထင်နေတာလဲ "

     မိုင်သည် ကြောက်လန့်နေလွန်း၍ သူသည် ရုန်းကန်နေမိသည်။ လူရန်ဇိုသည် မိုင်၏ စိတ်ထဲတွင် ကြောက်စရာကောင်း​နေပြီး ကျောင်းတွင် ခါတိုင်း မြင်နေရသကဲ့သို့ မဟုတ်ပေ။

"ဆန်ပြုတ် စား...စားမယ် "

" အဲလိုလိမ္မာမှပေါ့ "  လူရန်ဇိုသည် ပြုံးရွှင်စွာနဲ့ မိုင်၏ ပါးကိုညှစ်လိုက်သည်။ ပြီးနောက် မိုင်၏ ခါးကို ဖက်ကာ ထမင်းစားစားပွဲကို ခေါ်သွားသည်။ ပြင်ဆင်ထားသော ဆန်ပြုတ်သည် အနည်းငယ်ကြာနေပြီမို့ အခုအချိန်တွင် စားသောက်ရန် အဆင်ပြေနေသည်။ မိုင်သည် ဆန်ပြုတ်ကိုသာ မြန်မြန်ကုန်အောင် စားနေသည်။ လူရန်ဇို၏ စိတ်တိုနေပုံသည် သူ့ကို လိပ်ပြာလွင့်စေမတတ် ကြောက်လန့်သွားစေသည် ။ လူရန်ဇိုသည်  သူ့ကို လက်ထောက်ကာ ကြည့်နေပြီး စားလို့ ပေသွားလျှင် တစ်သျှူးလေးနှင့် သုတ်ပေးသည်။

Tudo passaWhere stories live. Discover now