《 Everything I needed is on the ground》
ထိုနေ့နောက်ပိုင်းတွင် မိုင်က သူ၏ စတိုဒီယိုအသစ်နေရာချရင်း တခြားသော အလုပ်တွေကြောင့် သူ မအားမလပ်ဖြစ်နေပြီး ထိုကိစ္စတွေကိုသူမေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ ထို့ပြင် သူတာဝန်ယူရိုက်ကူးထားသော BLLD ဇာတ်ကားကလည်း ထုတ်လွှင့်ပြီး ရက်မှာတင် စံချိန်တင်ကြည့်ရှုမှုနှုန်းကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းဇာတ်လမ်းတွဲတွေထဲပါဝင်ခဲ့သည်။ မိုင် နောက်ကနေ ပံ့ပိုးပေးထားသော ယွီကျိုး၏ music video များ၊ကြော်ငြာများသည်လည်း တစ်ဟုန်ထိုးကျော်ကြားလာပြီး အာရှ၏ ထိပ်တန်းမင်းသားတွေအထဲမှာ ရပ်တည်နိုင်ခဲ့သည်။
များစွာသော လက်မှတ်ထိုးပွဲ ၊fan meeting များ ၊တက်ရောက်ရမယ့်ပွဲတွေကြောင့် ယွီကျိုးတစ်ယောက် မအားမလပ်ဖြစ်နေသည်။ မိုင်ကလည်း သူ့ရဲ့ စတိုဒီယိုလေးအတွက် ရုန်းကန်နေရဆဲဖြစ်သည်။ သူဌေးယွဲ့၏ ကူညီဖေးမမှုကြောင့် သူလည်း ကောင်းကော်းမွန်မွန်လုပ်ဆောင် နိုင်လာခဲ့သည်။ သူတို့ အသီးသီး အလုပ်ရှုပ်နေကြတာကြောင့် မိုင်နဲ့ယွီကျိုးတို့ တွေ့ချိန်နည်းပါးလာခဲ့ပြီး အရင်ကလို ကတောက်ကဆဖြစ်ဖို့ အခြေအနေလည်း မရှိတော့ပေ။
မိုင်ရဲ့ ကိုယ်ပိုင် Channel သေးသေးလေးနေ ဝင်ငွေအတင့်အသင့်ရရှိလာသောအခါ မိုင်သည် SHINNIA ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦး ဖြစ်ချင်လာသည်ကို သူဌေးယွဲ့ကို ရိုးသားပွင့်လင်းစွာ ပြောဆိုခဲ့တာကြောင့် သူတို့ ၂ဦးသည် ယနေ့၌ စီးပွါးရေး လုပ်ငန်းရှင်များကဲ့သို့ ပြောဆိုဆွေးနွေးနေကြသည်။သူဌေးယွဲ့သည် SHINNIA ၏ ရှယ်ယာငွေ စုစုပေါင်း၏ 64ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန် လေးဆယ့်ခြောက်ရာခိုင်နှုန်း သည် စုပေါင်းရှယ်ယာငွေဖြစ်သည်။ စုပေါင်းရှယ်ယာသည် အမေရိကန်ဒေါ်လာ 64 ဘီလီယံဖြစ်ပြီး ထိုရှယ်ယာငွေ၏တစ်ရာခိုင်နှုန်းကို မိုင်က ဝယ်ယူလိုသည်။ သူ၏ Channel က ဝင်ငွေသည် ဒေါ်လာငွေ 64 သိန်းဖြစ်သည်။ မိုင်၏ အခုလက်ရှိဝင်ငွေစုစုပေါင်းကို တွက်ချက်ပြီး နောက်နှစ်ဝက်၌ ဒေါ်လာငွေ သိန်း 30 ကျော် သာ ရှိသေးသည်။
သူဌေးယွဲ့၏ ငွေကြေးချမ်းသာမှုသည် ကမ္ဘာအဆင့် နံပါတ် 3 ဖြစ်ပြီး ငွေကြေးပိုင်ဆိုင်မှု 460 ဘီလီယံဖြစ်သည်။

YOU ARE READING
Tudo passa
FantasiaName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...