◍ ENDING ◍

858 39 5
                                    

      နွေဦးရာသီ၏ လေပြေလေးသည် နူးညံ့သိမ်မွေ့စွာ တိုက်ခတ်နေသည်မို့ သစ်ပင်အို၏ ရွက်‌ဟောင်းလေးသည် ‌လေအဝှေ့၌ မြေပေါ်ကြွေကျသွားလေသည်။ ရှေးခေတ်ဗစ်တိုးရီးယန်းစတိုင် စံအိမ်၏ ရှေ့၌ ဖြူလွလွဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် ဘိသိက်ဆရာ၏ ရှေ့၌ရပ်ကာ အပြန်အလှန်ဝတ်ပြုနေကြသည်။လူ အနည်းငယ်သာ တက်ရောက်ကြသည်မို့ အဆိုပါပွဲသည် ဆူညံမှုလည်း မရှိပေ။ ယနေ့သည် နွေဦး၏ လှပသော နေ့ရက်ကောင်းလေးတစ်ခုဖြစ်သည့်အလျောက်ပင် သေချာပေါက် ဘဝတစ်ခုလုံးနှင့် အသိအမှတ်ပြုသည့် အခမ်းအနားဖြစ်သည်။ ဘိသိက်ဆရာသည် သူ၏ ဩဝါဒများကို ရွတ်ဆိုပြီးသည်အထိ မိုင်တို့သည် တစ်ဦး၏ လက်ကို တစ်ဦးက ခိုင်မြဲစွာ တွဲထားခဲ့သည်။

   ချွမ်ဟွားသည် ‌‌နွေဦး၏ အစပိုင်း၌ ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာဘွဲ့ကို ရရှိပြီး‌နောက် သုံးလအကြာ၌ သူတို့သည် ချွမ်ဟွား၏ မွေးရပ်မြေသို့ လာခဲ့သည်။ ချွမ်ဟွားသည် သူ၏ ပညာသင်ကာလပြီးဆုံးပြီမို့ သူသည် Erza ၏ တာဝန်များကို ယခင်ကထက် ပို၍ အလုပ်ရှုပ်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် နှစ်ဦးသား တိုင်ပင်၍ နှစ်လအကြာ၌ လက်ထပ်ခဲ့ကြသည်။ သူတို့သည် လက်ထပ်ပွဲကို ရိုးရှင်းစွာပင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး Erza ၏ အကြီးအကဲတချို့နှင့် မိုင်၏ အသိမိတ်‌ဆွေများဖြစ်သည့် သူဌေးယွဲ့၊ လီယွီကျိုး၊ ယန်ကီ၊ ခွန်သူရသိန်းမြင့်တို့ တက်ရောက်လာခဲ့သည်။

" Mr.Jack Forrest  Mr.မိုင်ဂင်္ဂါသန့်ကို တရားဝင်ခင်ပွန်းသည်အဖြစ် လက်ခံပါသလား?"

"ဟုတ်ကဲ့ လက်ခံပါတယ် ၊ ကျွန်တော့်ရဲ့ကျန်ရှိနေတဲ့ ဘဝသက်တမ်းတစ်‌လျှောက်ကို ကိုကို့ကို အပ်နှံပါတယ်။ နောက်ထပ်တစ်ကြိမ်ဆိုတာ မရှိအောင်ကိုပဲ သေချာလွန်းလှပါတယ်။ ကျွန်တော့်ဘဝမှာ ချစ်ခြင်းမေတ္တာကို ကျွန်တော့်မိဘတွေဆီက ရခဲ့ပြီးတော့ ဒုတိယအကြိမ် ကိုကို့ကိုဆီကနေ ရရှိခဲ့တာပါ။ ကျွန်တော်လေ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့်က ကိုကိုဆီမှာ လုံးဝကို ချစ်မိသွားတာကြောင့် ကျွန်တော့်ကို တာဝန်ယူပေးပါ၊ တောင်းဆိုပါတယ် " ချွမ်ဟွားသည် ချစ်ရွှမ်းဝေနေသည့် စကားများကို ကတိသစ္စာများဖြင့် ချည်နှောင်ရင်း ဆိုသည် ။

Tudo passaWhere stories live. Discover now