Episode 12

337 43 2
                                    

《 အလှလေးသည် ပိုးဟပ်ဖြူလေးကို အချိန်မှီကယ်တင်လိုက်၏  》

မိုင် ကုမ္ပဏီရှေ့က ကားမှတ်တိုင်ရှေ့တွင် ချွမ်ဟွားအား စောင့်နေစဥ် အကြီးတန်းမန်နေဂျာ ရုန်ကျင်းယန်သည် မိုင်ရပ်နေသော ရှေ့၌ ကားကို ရပ်လိုက်သည်။

" အခုထိ မင်းသားကို မပြင်ပေးသေးဘူးလား။ အခုမင်းသားက သာမန်မင်းသားမဟုတ်တာကို ဘယ်လိုတောင် ပေါ့ပျက်ပျက်နိုင်ရတာလဲ ။ ငါက စီနီယာ တစ်ယောက်အနေနဲ့ သင်ပြနေတာကို အငယ်တွေက နာခံဖို့ မတတ်မြောက်တာ ဝမ်းနည်းစရာပဲ။ "

" မန်နေဂျာရုန်ကို စိတ်ပျက်စေခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော်လည်း အခုပဲ သွားမလို့ပါပဲ "

"လာခဲ့ ငါလိုက်ပို့ပေးမယ်"

"ရပါတယ် ။ အတူသွားမယ့်လူရှိတာမို့ပါ "

"အထက်လူကြီးပြောတာကို ငြင်းဆန်နေတာလား။ တစ်ခုခုသာအဆင်မပြေရင် ဒီကားအတွက် ရင်းနှီးထားရတာ နည်းတဲ့ပမာဏ မဟုတ်ဘူးနော်"

"ကျွန်တော် နားလည်ပါပြီ။ မန်နေဂျာရုန်ကို အနှောင့်အယှက်ပေးမိပြီ "

မိုင် အောက်သက်သက်နဲ့ ကားထဲ ဝင်ထိုင်လိုက်ရသည်။ ချွမ်ဟွား ရောက်နေရင်တော့ လိုက်ရှာနေတောမှာပဲ။ ချွမ်ဟွားဆီကို ဖုန်းဆက်ရန်ပြင်ပေမဲ့ မန်နေဂျာရုန်က အတင်းကို စကားပြောနေတာကြောင့် လူမှုရေးနားလည်သည့်အနေဖြင့် သည်းခံနားထောင်လာခဲ့ရသည်။ မကြာခင်မှာပင် Aelin group ပိုင်ကွန်ဒို တစ်ခုသို့ရောက်လာသည်။ ၆ လွှာတွင်နေသည်မို့ မိုင်လည်း မန်နေဂျာရုန်နဲ့အတူ လိုက်လာခဲ့ရသည်။ မိုင် စိတ်လေးလံနေသည်။ သူ့အနေနဲ့ လူရန်ဇို၏ မည်သည့်ကိစ္စကိုမှ ဆောင်ရွက်လိုစိတ်မရှိပေ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားရန်မည်မျှပင် ပြောစေကာမူ အလုပ်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်က မိမိ၏ ကိုယ်ရေးကိုယ်တာပင် မဟုတ်ပေလော။

မန်နေဂျာရုန်ရဲ့ နောက်ကနေ မိုင် အသက်ပြင်းပြင်းရှုကာ အားတင်းထားလိုက်သည်။ လူရန်ဇို၏ အခန်းရှေ့တွင် ရပ်နေရင်းနဲ့ လက်တွေ တဆတ်ဆတ်တုန်နေသည်ကို အတော်လေးထိန်းချုပ်ထားရသည်။ ဘဲလ် ၂ချက်မျှ နှိပ်ပြီးသောအခါ bathrobe ကို ဝတ်ဆင်ထားတဲ့ လုရန်ဇိုက တံခါးလာဖွင့်သည်။ အခုမှ ရေချိုးပုံရသည်။ တန်ဖိုးကြီးဆပ်ပြာရနံ့က နှာဖျားကို တိုးဝှေ့နေပေမဲ့ မိုင် အတော်လေးကို မျက်နှာပျက်နေသည်။ လူရန်ဇိုက မိုင်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ပြုံးလိုက်သည်။ ပြီးနောက် အထဲဝင်ရန်ဖိတ်တာကြောင့် မိုင်နဲ့ ရုန်ကျင်းယန်တို့ အထဲဝင်ထိုင်ကြသည်။ မန်နေဂျာရုန်ကတော့ Aelin group ပိုင် အဆင့်မြင့်ကွန်ဒိုသို့ လာရောက်ရသည်ကို အလွန်အမင်းဝမ်းမြောက်နေပုံရသည်။ သူ၏ မျက်နှာပေါ်က မနှစ်မြို့ဖွယ်ရာ အပြုံးကိုတောင် မဖုံးနိုင်မဖိနိုင်ဖြစ်နေသည်။

Tudo passaWhere stories live. Discover now