Episode 47

179 21 0
                                    

《 ယွမ်တစ်ရာနှင့် ယွမ်တစ်ထောင်  》

  "ပေါင်ပေ့လေး ရောက်လာပြီလား? "

       မိုင်သည် လှည့်ထွက်ရန် ပြင်ပြီးခါမှ လူရန်ဇိုသည် သူ့အား စကားပြောလာသောကြောင့် သူ့မှာ ထွက်ပြေး၍ မရတော့ပေ။ သုံးရက်လုံးလုံးမတွေ့ချင်၍ ရှောင်ပြေးနေပေမဲ့ တွေ့ရမည့် ကံကြောင့် မြုင်မြိုင်ဆိုင်ဆိုင်ကိုဆုံစည်းလေပြီ။  လူရန်ဇိုသည် တင်းနစ်ဘောလုံးလေးကို မြှောက်ပစ်ကစားနေရင်း မိုင်၏ အနားကို လျှောက်လာသည်။ တင်းနစ်ကစားထားသောကြောင့် ချွေးစို့နေသည့် ကိုယ်သင်းနံ့ကို ရလိုက်သည်။ လူရန်ဇိုသည် မိုင်၏ လည်ပင်းအနောက်ဖက် ဂုတ်သားကို သူ၏ ပူနွေး၍ ချွေးစို့နေသော လက်ဖဝါးဖြင့် ပွတ်သပ်နေပြန်သည်။ မိုင်သည် ခေါင်းငုံ့ကာ သူ၏ ခြေထောက်ကိုသာ ကြည့်နေလေသည်။

"ဘာလို့ ကျောင်းမလာတာလဲ "

"နေမကောင်းဖြစ်နေလို့ပါ "

"သေချာလား"

   မိုင်သည် ခေါင်းငြိမ့်ပြလိုက်၏။ အမှန်တကယ်လည်း သူနေမကောင်းဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်နှင့် ခန္ဓာကိုယ်သည် အလွန်နီးကပ်စွာ တည်ရှိနေခြင်းကြောင့်  စိတ်၏ တုံ့ပြန်မှုသည် မှန်တစ်ချက်ကဲ့သို့ ဖြစ်လေသည်။ လူရန်ဇိုသည် သူ၏ လည်ပင်းဂုတ်သားများ နီရဲလာသည်အထိ ပွတ်သပ်ပြီးနောက် လွှတ်လိုက်သည် ။

"သန့်ရှင်းရေး လုပ်မှာမလား။ ကိုယ် ရေသွားချိုးပြီး ပြန်လာခဲ့မယ်  "

     လူရန်ဇိုသည်  သူ၏ တင်းနစ်ရက်ကက်နှင့်  ဘောလုံးကို ယူပြီးနောက် ကျောင်း၏ ရေချိုးခန်းတွင် ရေချိုးနေလေသည်။

   လူရန်ဇိုထွက်သွားခါမှ မိုင်သည် သူ၏ ခေါင်းပေါ်က တန်ချိန်တစ်သောင်းအလေးချိန်ကြီး ကျသွားသလို ခံစားနေရသည်။ သူသည် အရုပ်ကြိုးပြတ်သကဲ့သို့ တင်းနစ်ကစားကွင်းထဲသို့ ထိုင်ချလိုက်၏။ သူသည် ကြောက်ရွံ့ထိတ်လန့်မှုနှင့် အတူ တစ်ချိန်ထဲတွင် ဝေခွဲမရသော စိတ်ခံစားချက်မျိုးစုံ ရောပြွမ်းလျက် သူ၏ စိတ်ဝိဉာဥ်လေးသည် သည်းထန်စွာငိုကြွေးနေလေသည်။ သူသည် တိတ်ဆိတ်ခြောက်သွေ့နေသော ကျောင်းတင်းနစ်ကွင်းကို တံမြက်စည်းဖြင့် သန့်ရှင်းရေးလုပ်နေသည်။ သူ၏ စိတ်ဝိဉာဥ်သည် သူ့အား ဤနေရာမှ ထွက်ပြေးရန် နှိုးဆော်နေသည်ကို သူ သိနေသည်။ သို့ပေမဲ့ ထင်ယောင်ထင်မှား သဘာဝပတ်ဝန်းကျင်၏ လှည့်စားမှုကြောင့် ဖြစ်ပေလိမ့်မည်။ သူကို တစ်စုံတစ်ရာက ဆွဲဆွဲငင်ငင် ခေါ်ထားပြန်သည်။

Tudo passaWhere stories live. Discover now