Episode 20

260 37 2
                                    

  《 လန်ယွီခရီးသွားပရိုဂရမ်၏ ပြသနာများကြောင့် နျူကျဲ့ရွာ ခရီးစဥ် နောက်ဆုတ်ရခြင်း 》

      SHINNIA ၏ စတူဒီယို၌ BLLD ဇာတ်လမ်းတွဲ၏ ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးနေသည်။ မိုင်သည် ခရီးသွားအစီအစဥ်များကို စာရင်းစစ်နေကာ မလှမ်းမကမ်း၌ ထိုင်နေသည်။ ယနေ့ရိုက်ကွင်းသည် ယွီကျိုးနဲ့ လူရန်ဇို၏ Kiss scene ကို ရိုက်နေသည်။ မိုင်လည်း စိတ်ဝင်တစားထိုင်ကြည့်နေလိုက်သည်။ 18+ ဇာတ်ဝင်ခန်းတစ်ချို့ပါတာကြောင့် များသောအားဖြင့် စတူဒီယိုအခန်းတွေများသည်။ ယခုဇာတ်ဝင်ခန်းက နားနေချိန်တစ်ခုအတွင်း ဇာတ်ကောင် ၂ ခုက နေ့လယ်စာ အတူစားရင်း ဘာညာဖြစ်ကြသည်။

" ယွီကျိုးဖက်က အဲလိုပုံစံမျိုးမဟုတ်ဘူးလေ။ ရှက်ရွံ့နေတဲ့ ပုံစံနဲ့ နောက်တစ်ခုက ရင်ခုန်နေရမှာ။တွန့်ဆုတ်တွန့်ဆုတ်လေးပေါ့ "

   Kiss scene ကို ထပ်ခါထပ်ခါရိုက်နေရသဖြင့် ဒါရိုက်တာက အလိုမကျဖြစ်နေသည်။

" ကျွန်တော် နမ်းတာကို ကျွမ်းကျင်မှု အားနည်းနေလို့ပါ ၊ ပြီးတော့ နှုတ်ခမ်းထုံနေပြီ "

"ကောင်းပြီး ခနနားပြီး ပြန်ရိုက်မယ် "

    မိုင်က ယွီကျိုးအတွက် ရေဘူးယူသွားပေးသည်။

" လီယွီကျိုးက သိပ်မနမ်းဖူးဘူးထင်တယ် "

   လူရန်ဇိုက ယွီကျိုးဘေးမှာ ရပ်နေကာ မိတ်ကပ်ပြန်ပြင်နေရင်း မေးသည်။

" ဟုတ်ပါတယ်။  ကျွန်တော် သိပ်မနမ်းဖူးဘူး "

" နမ်းဖူးတဲ့ လူနဲ့ လေ့ကျင့်ကြည့်သင့်တယ်။ ပုံစံအမျိုးမျိုးရအောင်ပေါ့။ တစ်ချို့တွေကျတော့ ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတယ်။ မန်နေဂျာမိုင်ရော ကောင်းကောင်းလုပ်နိုင်တယ်မလား"

    အလုပ်ခွင်ထဲမှာမို့ မိုင် စိတ်လျှော့ကာ လူရန်ဇိုကို  ကောင်းကောင်းမွန်မွန်သာ ဆက်ဆံပေးသည်။

"ဒါပေါ့ ။ ကျွန်တော်က အရွယ်ရောက်နေတဲ့ လူပဲလေ "

" ဒါဆို ကျွန်တော်တို့ ယွီကျိုးကို သင်ပေးကြတာပေါ့ "

    လူရန်ဇိုက မိုင်ကို ဆွဲဖက်ကာ နမ်းလိုက်သည်။ စတူဒီယိုထဲကလူတွေတွေများများက မိုင်တို့ဆီ အာရုံစိုက်နေကြသည်။မတူညီတဲ့ ဆွဲဆောင်မှု အသီးသီးရှိနေတဲ့  အရွယ်ရောက်နေသူ အမျိုးသား ၂ယောက်နမ်းနေသည်ဆိုတာက အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်နေသည်။

Tudo passaWhere stories live. Discover now