Episode 41

247 22 0
                                    

   
     မိုင်သည် ညနေရောက်ခါနီးမှ နိုးလာခဲ့သည်။ သူသည် အိပ်ရာပေါ်မှာ လိပ်တစ်ကောင်လို ဖြေးညှင်းစွာ လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည်  နာကျင်နေဆဲ ဖြစ်သော်လည်း သူသည် ရေအလွန်အမင်း ဆာနေသည်။ မီးအိမ်စင်ပေါ်၌ ရေတစ်ခွက်တင်ပေါ်ထားတာကြောင့် သူ လှမ်းယူလိုက်စဥ်တွင် သူသည် လက်တုန်နေတာကြောင့် ရေခွက်သည် အောက်သို့ ကျကွဲသွားသည်။

"fofo နိုးလာပြီ " ချွမ်ဟွားသည် အလုပ်လုပ်နေသော ထိုင်ခုံမှ သူနားကို ပြေးလာသည်။ ချွမ်ဟွားသည် ရေနွေးတစ်ခွက်ကို  ယူကာ သူသောက်နိုင်ရန်အတွက် ပိုက်နဲ့ ပေးသည်။ မိုင်သည် ရေသောက်ပြီးနောက် သူသည် ထိုင်နိုင်ရန် ကြိုးစားနေတာကြောင့် ချွမ်ဟွားသည်  သူ့ခါးနောက်ပိုင်းတွင် ခေါင်းအုံး ခုပေးလိုက်သည်။ မိုင်သည် ချွမ်ဟွားကို ကြည့်ချင်စိတ်မရှိတာကြောင့် ရှေ့တည့်တည့်သာ ငေးကြည့်နေသည်။

    သူတို့ ၂ယောက်ကြားထဲက လေထုသည် လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက အေးစက်လာခဲ့ရာ အခုအချိန်သည် လုံးဝကို ထိရှလွယ်လွန်းသည့် နူးညံ့သော အခြေအနေဖြစ်နေသည်။ သူတို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး ကြည့်မနေဘဲနဲ့ တိတ်ဆိတ်စွာနဲ့ပင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ မိုင်သည် သက်ပြင်းချကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" မင်း ဘာဖြစ်ချင်နေတာလဲ "

" ကျွန်တော် အစ်ကို့ကို  လိုချင်တယ်။ တခြားလူတွေ လုံးဝ မပတ်သက်နိုင်တဲ့ ကျွန်တော် တစ်ယောက်ထဲ အတွက်ပဲ ဖြစ်ပေးစေချင်တယ်။ အစ်ကို ကျွန်တော် တစ်ယောက်ထဲကိုပဲ ချစ်ရမယ်။ တခြားလူတွေနဲ့ ပတ်သက်တာကို ကျွန်တော် မကြိုက်ဘူး"

     မိုင်သည် ခေါင်းကို ဖြေးဖြေးချင်းယမ်းလိုက်သည်။

" ချွမ်ဟွား မင်းက မင်းပိုင်ဆိုင်တဲ့အရာကို မင်း ပြန်လုယူနေတာပဲ။ ဘာလို့ အခြေအနေတွေကို ရှုပ်ထွေးသွားအောင် လိုက်လုပ်နေရတာလဲ? မင်း ကောင်းကောင်းမွန်မွန် အဆင်ပြေနေတဲ့ ဆက်ဆံရေးကို ချိုးဖျက်ပြီးတော့မှ အသစ်ပြန်တည်ဆောက်မယ်! ဘယ်လိုတောင် ရူးနှမ်းတဲ့ ကိစ္စလဲ? မင်း ငါနဲ့ ပတ်သက်တဲ့ လူတွေကို ဒုက္ခပေးနေရုံနဲ့ ငါနဲ့ အဆင်မပြေသွားဘူးလေ "

Tudo passaWhere stories live. Discover now