Episode 42

230 27 0
                                        

  《 လျှို့ဝှက်ချက်ဖြင့် စသော နောက်ကြောင်းပြန် အချစ်ဇာတ်လမ်းကလေး 》

    ကောင်းကင်တွင် တိမ်ဖြူအဆုပ်အတန်းလေးများဖြင့် ပြွတ်သိပ်ပြည့်နှက်နေတာကြောင့် နေရောင်ကတော့ လင်းလင်းထင်းထင်းကြီး ရှိမနေခဲ့ပေ။ နံနက်ခင်းအချိန်အခါမို့ အနည်းငယ်ပူနွေးနေသည်။ နေမပူပေမဲ့ အပူချိန်ကို သိသိသာသာခံစားနေရတာကြောင့် တက္ကသိုလ်ကျောင်းသူလေးတွေက ထီးလေးတွေ ဆောင်းထားကြသည်။ ကျောင်းဘောလုံးကွင်း၏ ပွဲကြည့်စင်အပေါ်ဆုံးတန်း ထောင့်ဆုံးခုံ၌ ကောင်လေးတစ်ယောက်သည် သူ၏ အပေါ်ထပ်ဂျာကင်ကို ခေါင်းပေါ်ခြုံလျက် အိပ်နေသည်။ နေပူပြင်းနေပေမဲ့ သူထိုင်နေသည့်နေရာက သစ်ပင်များရှိနေတာကြောင့် သူ သိပ်တော့ မပူချေ။

"ဂိုးဝင်သွားပြီဟေ့! "

    ကောင်မလေးများ၏ စူးစူးရှရှ အသံကြောင့် ထိုကျောင်းသားလေးသည် နိုးသွားပုံရသည်။ သူသည် သူခေါင်းပေါ် အုပ်ထားသော ကျောင်းယူနီဖောင်းဂျာကင်ကို ဆွဲချကာ  ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ခါတိုင်း သူတို့ကျောင်း၏ ဘောလုံးကွင်းသည် မနက်ခင်းအချိန်၌ ဘောလုံးကန်သူများသာ ရှိပြီး လုံးဝကြီးတိတ်ဆိတ်မနေပေမဲ့ ဆူပူနေတာမျိုးမရှိပေ။ သူသည် အိပ်ချင်မူးတူးမျက်လုံးကို ပွတ်ကာ ကွင်းထဲကို ကြည့်လိုက်သည်။ သူသည် ကွင်းထဲကို တစ်ချက်လောက် ဝေ့ကြည့်လိုက်သည်နှင့် အကြောင်းအရာကို သိသွားပြီ ဖြစ်သည်။

   သူတို့ကျောင်းတွင် နာမည်ကြီး လေးယောက်ရှိသည်။
ကြီးမြတ်သော သခင်ကြီး၊ ကျောင်းရဲ့ ပန်းပွင့်လေး၊ မိုးကျရွှေကိုယ်လေးနှင့်  အိမ်မက်နတ်ဘုရားဆိုတဲ့ နာမည်ပြောင်တွေနဲ့ ကျော်ကြားတဲ့ ကျောင်း၏ ထိတ်ထိတ်ကြဲ လေးယောက်သည် ယနေ့၌ တခြားအတန်းများမှ ကောင်လေးများနှင့် စိမ်ခေါ်ကာ ဘောလုံးကန်နေကြသည်။ ထို့ကြောင့် ကျောင်းရှိ ကောင်မလေးများနှင့် ကောင်လေးများသည် ကွင်းထဲ၌ ပြည့်နှက်ကာ အုတ်သောင်းနင်းဖြစ်နေကြသည်။

    မိုင်ဂင်္ဂါသန့်သည်  မတ်တပ်ရပ်ကာ ခါးကြောဆန့်လိုက်သည်။ အိပ်စက်ဖို့အတွက် နေရာကောင်လေးက ထိုနာမည်​ကျော်တွေကြောင့် ပျက်စီးသွားပြီ ဖြစ်တာကြောင့် သူသည် တခြားနေရာအသစ်ကိုရှာရမည်။ သူသည် ရွေးချယ်စရာ မရှိ စာသင်ခန်းထဲကို ပြန်လာခဲ့သည်။ သူ ထိုင်သောနေရာသည် ပြတင်းပေါက်နားမှာ ဖြစ်ပေမဲ့ သူ့အတန်းဖော်ကောင်က ပြတင်းပေါက်ဘေးမှာ ထိုင်ကာ စာလုပ်နေသည်။

Tudo passaWhere stories live. Discover now