Episode 60

196 25 6
                                    

60

   ယွီကျိုးသည် အဖြူရောင်နှင့် အနီရောင် ရောယှက်ထားသော ရိုးရာဝတ်စုံကို ဝတ်ထားပြီး အေးလွန်းလှတာကြောင့်  အပေါ်ကနေ အနက်ရောင် ကုတ်အထူလေးကို ဝတ်ဆင်ထားသည်။ အောင်မြင်ကျော်ကြားနေသော နာမည်ကြီးကြယ်ပွင့်စတားဖြစ်တာကြောင့် အပြင်တွင် လွတ်လွတ်လပ်လပ်သွားခွင့်တော့ မရှိပါလေ။ မျက်နှာကို လုံခြုံအောင် ဖုံးထားပေမဲ့ ထူးခြားလှတဲ့အသွင်ကြောင့် ဆိုင်ထဲက လူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်ပေမဲ့  ရုတ်ရုတ်သဲသဲတော့ မဖြစ်ပါချေ။ နောက်ကနေ ဝက်ဝံတစ်ကောင်လို သန်မာကြီးထွားလှတဲ့ ဘော်ဒီဂတ်ကလည်း လီယွီကျိုးနှင့်အတူ မလှမ်းမကမ်းလိုက်လာကာ ရှေ့ဆင့်နောက်ဆင့်ပင် အခန်းထဲ ဝင်လာသည်။

    မိုင်သည် အဆိုပါ ဘော်ဒီဂတ်ကို အခန်းပြင်ကန်ထုတ်လိုက်သည်။ မနက်စာစားချင်စိတ်ကို တမင်တကာ အနှောင့်အယှက်ဖြစ်စေတာပဲ။ ယွီကျိုးသည် အခန်းတံခါးပိတ်သည်နှင့် တစ်ပြိုင်နက် မိုင်ကို ဖက်ကာ ငိုတော့သည်။မိုင်သည် သောက်လက်စ ရေနွေးကိုသာ စိတ်ဝင်စားတော့သည်။သူလည်း ဘဝကုသိုလ်ကံတွေ အခုကျမှ အတော်လေးကို ကောင်းနေပုံရသည်။ တစ်ယောက်ပြီး တစ်ယောက် သူ့ထံလာရောက်နေကြသည်။

  အရင်က သူ(မိုင်ဂင်္ဂါသန့်) သာဆိုလျှင် အခုလို အချောအလှလေးတွေကသာ ခယ‌‌နေပါက ကုတင်ပေါ်ကို တန်းစီပစ်တင်မည်က မလွဲဖြစ်သည်။ သို့ပေမဲ့ မိုင်အနေနှင့် အခုအချိန်တွင် သူသည်ဘဝလက်တွဲဖော်တစ်ယောက်ကို သတ်မှတ်ထားပြီ ဖြစ်တာကြောင့် ဘယ်လိုအကြောင်းအရာပဲ ရှိရှိ သူ့အနေဖြင့် ချွမ်ဟွားအပေါ်တွင် လုံးဝကို သစ္စာဖောက်မည် မဟုတ်ပေ။ သူသည် ကြွေပန်းကန်လုံးဖြင့်
ထည့်ထားသော ဝူလောင်လက်ဖက်ရည်ကြမ်းကိုသာ အေးဆေးစွာ သောက်နေသည်။

    လီယွီကျိုးက တော်ရုံနဲ့ အငိုတိတ်မယ့် ပုံမပေါ်ပေ။ ခုနက ငိုထားတဲ့ တစ်ယောက်ကလည်း ခေါင်းငုံ့ကာ မျက်ရည်‌တွေကျ‌သည်။

ဘုရားသခင်ကယ်ပါ။ ဘာတွေများ လုပ်ထားမိလို့ အခုအချိန်မှာ သူက ဇာတ်လမ်းထဲက ဗီလိန်အကြီးစားလို ဖြစ်နေရတာလဲ?

Tudo passaWhere stories live. Discover now