《 ချွမ်ဟွားက နှုတ်ခမ်းပါးပါးလေးတွေကို လျှာသပ်ရင်း ဆွဲဆောင်နေသည် 》
" ကော အိမ်ပြန်မယ် "
မိုင်က ချွမ်ဟွားကို စောင့်နေရင်း Benjamim နဲ့ စကားလက်ဆုံပြောနေသည်။ Benjamim က အသက် 18 လောက်သာ ရှိသေး၍ မျက်လုံးပြာပြာနဲ့ ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်။ သွက်သွက်လက်လက်ရှိသည့်အပြင် ဖော်ရွေသောကြောင့် ခနလေးအတွင်း မိုင်နဲ့အဆင်ပြေကာ စကားပြောနေလေသည်။ ချွမ်ဟွားက ရေချိုးပြီးထွက်လာရာ အလွန်ခက်ထန်နေတဲ့ ပုံပေါက်တာကြောင့် မိုင် ချွမ်ဟွားနဲ့ အတူအိမ်ပြန်လာခဲ့သည်။ သူတို့ ကြားမှာ မိုင် မသိနိုင်တဲ့ ကိစ္စရပ်တွေ အများကြီး ရှိနိုင်သည်။
" ဒီနေ့ ငါမင်းအတွက် အဝတ်စင်ပြင်ပေးမယ်။ အဝတ်တွေကို သပ်သပ်ရပ်ထားတာ ပိုကောင်းတယ်။ မဟုတ်ရင် ကြာလာရင် တွန့်ကြေကုန်လိမ့်မယ်။ ငါ့ ဝယ်ထားတာက အတော်လေး ကြီးနေတယ် ။ မင်း အတွက် ငါ နေရာတစ်ဝက်ဖယ်ပေးရမလား။ ဒါမှ မဟုတ် မင်း အသစ်ဝယ်ချင်လား "
" ကော စိတ်ကြိုက်လုပ်ပါ "
" ဟုတ်ပါပြီ ။ ဒါနဲ့ မင်း အလုပ်မလုပ်ဘူးလား။ ငါ ပြောချင်တာက ငါဆို နေ့တိုင်း အလုပ်သွားရတယ်လေ ။ "
" ကော အလုပ်သွားတဲ့အချိန် ကျွန်တော်လည်း သွားပါတယ်။ ကျွန်တော် ပြန်ရောက်ပြီးမှ ကော ပြန်ရောက်လို့ပါ "
" အော် အဲလိုလား ။ အဲတာကြောင့် ငါမင်းကို အိမ်မှာ တွေ့နေရတာကိုး
မိုင်တို့ အိမ်ပြန်ရောက်တော့ ချွမ်ဟွားက ကြမ်းတိုက်တံနဲ့ ရေပုံးကိုယူကာ အပေါ်ထပ်သန့်ရှင်းရေးလုပ်နေသည်။ မိုင်ကတော့ အိမ်မှာနေမှာဖြစ်တဲ့အတွက်ကြောင့် ပုဆိုးနဲ့ ရှပ်အင်္ကျီထူထူလေးကိုသာ ဝတ်လိုက်သည်။ မိုင် ထွက်လာတော့ ချွမ်ဟွားက မိုင်ကို စိုက်ကြည့်နေသည်။
" ဒါ ပုဆိုးလေ ။ ငါ မြန်မာမှာ နေတုန်းကဆို အမြဲတမ်းဝတ်တာ "
" တစ်ထည်တည်းလား "
" ဟုတ်တယ်လေ ။ မင်း ဝတ်ချင်လို့လား "
"ဟုတ်ကဲ့ "
မိုင်က ချွမ်ဟွားအတွက် ပုဆိုးတစ်ထည်ယူလာပေးသည်။ ချွမ်ဟွားက ဘေးထောင့်ပုဆိုးကို ဖြန့်ကြည့်နေကာ ဇဝေဇဝါ ဖြစ်နေပုံရသည်။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...