Episode 21

247 30 5
                                        

  《 အာရှ၏ ကြယ်ပွင့်စတား မာန်၏ Pride ဆိုင်ဖွင့်ပွဲသို့ တက်ရောက်ခြင်း》

      မနက်ခင်းတစ်ခုလုံး မိုင်တို့သည်  ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်။ ပိတ်ပင်ထားခံရတဲ့ ပရိုဂရမ်က ထုတ်လွှင့်လွှင့်ချင်း Rating က 5+ အထိရထားတာကြောင့် သာမန်တော့ မဟုတ်ပေ။ ပြည်နယ်အုပ်ချုပ်ရေးမှုးက ပြင်းထန်သော ဆင်ဆာတွေ တသီတသန်းတွေ ထည့်ကာ  ဖြတ်ချပစ်ဖို့ အမိန့်ထုတ်တယ်။ဒီပြည်နယ်မှာ ထုတ်လွှင့်ခွင့်ရဖို့ သူရဲ့ ခွင့်ပြုချက်က အရေးကြီးနေသည်။ အတွင်းရေးမှူးသတိုးကတော့ အစီအစဥ်ကို ပိတ်ချဖို့ ဆုံးဖြတ်လိုက်သည်။ မိုင်ရဲ့ နှလုံးသားတစ်ခုလုံး ဓားနဲ့မွှန်းထားသလို နာကျင်နေရသည်။ သူဌေးယွဲ့က သူပြန်လာတဲ့အခါ နောက်ထပ်တစ်ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်မည်ဟုဆိုသည်။

    ပြည်နယ်အုပ်ချုပ်ရေးရုံးက ပြန်လာပြီးနောက် မိုင်ရဲ့ အသည်းနှလုံးလေး နာကျင်နေသည်။တော်ဝင်မင်းသားလေးဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေက သင်တုန်းဓားထက်ထက်တစ်လက်လို တိခနဲ ပဲ။ မျက်နှာ​လေးတစ်ချက်လေးတောင် ပြောင်းလဲခြင်း မရှိဘဲ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ရှည်လျားလှသော ဆွေးနွေးချက်တွေကို  ချေပခဲ့သည်။ မကြာခင်မှာလည်း ကုမ္ပဏီကနေ သတင်းစာရှင်းလင်းပွဲလုပ်မည်ဖြစ်ကြောင်း ၊ အင်တာနက်စာမျက်နှာတွေအပေါ် မဟုတ်မမှန်သတင်းရေးသူတွေ၏ များမြောင်လှသော ပို့စ်စာမျက်နှာတွေကို ဖျက်ချပစ်ခဲ့သည်။

    လန်ယွီသတင်းဌာန၏ ထုတ်ပြန်ချက်ကို စောင့်စားနေရပြီး ကုမ္ပဏီ၏ တခြားသော ပရိုဂရမ်များကို ဆက်လက်ရိုက်ကူးခဲ့သည်။ သူဌေးယွဲ့ကလည်း ပြန်မလာသေးတာကြောင့် သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကို အလွန်အကျွံခံစားနေရသည်။ မိုင်သည် အလုပ်ကနေ ပြသနာများကြောင့် စိတ်ပင်ပန်းနေရသည်။ သို့ပေမဲ့  ဒီနေ့ညတက်ရမယ့် ညစာစားပွဲတစ်ခုကြောင့် မိုင် မှန်ရှေ့ဖီးလိမ်းပြင်ဆင်နေရသည်။ ယနေ့၌ ထင်ရှားကျော်ကြားတဲ့ မင်းသားဖြစ်သူ အာရှစတား မာန်ဟိန်းနောင်၏ ဆိုင်ဖွင့်ပွဲအခမ်းအနားတစ်ခုကို သူသွားရမည်။အဓိကရည်ရွယ်ချက်က ဆိုင်ဖွင့်ပွဲ မဟုတ်။

Tudo passaWhere stories live. Discover now