Episode 44

191 25 3
                                    


《 တစ်စုံတစ်ယောက်ကြောင့် ကြီးမြတ်သော သခင်ကြီးက ဒဏ်ရါရသွားပြီ 》

ကျောင်းကောင်စီခေါင်းဆောင်သည် မိုင်၏ အခြေအနေမပြေလည်မှုကိုသိနေတာကြောင့် ငွေရနိုင်သည့် အကူအညီကို ပေးလေသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် မိုင်သည် ကျောင်းအားကစားကွင်းသန့်ရှင်းရေးအဖွဲ့ထဲသို့ ပါဝင်လာခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်နေ​တာကြောင့် ကျောင်းတွင် ဘောလုံးကန်ကစားနေသော ကျောင်းသားများနှင့် တခြားသော အားကစားလုပ်နေသူများသာ ရှိသည်။ ခွန်သူရသိန်းမြင့်သည် ရေခဲမုန့်ရောင်းသည် ဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်ရသွားတာကြောင့် မိုင်တစ်ယောက်သာ ပါလာခဲ့သည်။ တစ်နာရီ ယွမ်ရှစ်ဆယ်ရတာကြောင့် မိုင်သည် တခြားသော သူများနဲ့အတူ ကျောင်းတွင် ပန်းပင်များကို ကတ်ကြေးဖြင့် ညှပ်နေလေသည်။

သူသည် ကြက်တောင်ရိုက်သည့် ကွင်းနားတွင် လုပ်ပြီးအချိန်တွင် နေ့လယ်ခင်းပင် ရောက်နေတာကြောင့် သူသည် ခုံတန်းပေါ်တွင် ထိုင်နေလိုက်သည်။ သူ့အတန်းထဲက ကောင်တွေက အားကစားကွင်းထဲမှာ ကစား​နေကြတာကို မြင်ပေမဲ့ သူ လှမ်းမနှုတ်ဆက်တော့ပေ။ သူသည် သူ၏ အလုပ်နဲ့ပတ်သက်၍ ရှက်ရွံ့မှု မရှိသော်လည်း တခြားသူတို့၏ သနားသည့် အကြည့်တို့ကို မလိုချင်ပေ ။ သူသည် သူ့ဘာသာရပ်တည်နိုင်ပြီး သူ့လုပ်နေသမျှသည် မှန်ကန်သော အလုပ်တွေချည်းသာ ဖြစ်သည်။ သူတွင် တခြားသော တက္ကသိုလ်ကောလိပ် ကျောင်းသားများကဲ့သို့ အားလပ်စွာ နေနိုင်ခြင် မရှိပေမဲ့ သူသည် ကျေနပ်ရောင့်ရဲနိုင်သည်။

မကြာသေးမှီကအိမ်ငှါးခ သုံးလစာအတွက် ပေးလိုက်သော ယွမ်​ငါးထောင်အတွက် သူသည် လွန်စွာ ခံစားနေရသည်။ သူ၏ ဆံပင်ညှပ်ဆိုင်တွင် တစ်လျှင် ယွမ်တစ်ထောင်နှင့် ဘားကနေ တစ်ထောင်ရသည်။ သုံးလကြာလျှင် သူ အိမ်လခပေးလိုက်ပါက သူ့အတွက် သုံးလစာက ယွမ်တစ်ထောင်တည်းသာ ဖြစ်သည်။ အခုလို တောက်တိုမယ်ရ အလုပ်သေးသေးလေးတွေနဲ့ ဘားကနေ ဧည့်သည့်တွေ ပေးတဲ့ မုန့်ဖိုးလေးတွေနဲ့ သူသည် အလွန်ခြိုးခြံနေရသည်။

Tudo passaWhere stories live. Discover now