Episode 40 🚀

372 29 0
                                    


ထိုညက အခြေအတင်ဖြစ်ပြီးနောက်တွင် ချွမ်ဟွားနဲ့ မိုင်ကြားက စကားပြောဆိုမှုသည် အလွန်အမင်း နည်းပါးသွားခဲ့သည်။ချွမ်ဟွားသည် မိုင်၏ အလုပ်များအဆင်ပြေစေရန်အတွက် ဆယ်သွယ်ရေးပစ္စည်းကောင်းတွေကို အပန်းဖြေအိမ်တွင် တပ်ဆင်ပေးခဲ့သည်။ မိုင်သည် ကမ်းခြေအပန်းဖြေအိမ်မှာသာ ရှိနေပေမဲ့ သူသည် ပေကျင်းက အလုပ်ကိစ္စများနှင့် ယွမ်ကျင်း၏ ဟိုတယ်ဆောက်လုပ်ရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် ချွမ်ဟွား၏ အရောင်အသွေးစုံလင်သော ပြိုင်ကားမျိုးစုံကို မောင်းနှင်ရန် စိတ်မပါလှသောကြောင့် သာမန်ပုံစံကျကျ Lexus တစ်စီးကို ငှါးရမ်းကာ ချွမ်ဟွား၏ အဖိုးဖြစ်သူတို့နဲ့ မကြာခဏ၊ ဖဲသွားရိုက်ခြင်း၊ ငါးသွားမျှားခြင်းတို့ကို လုပ်လေ့ရှိသည်။

တစ်ချို့သော အားလပ်ရက်တို့၌ ချွမ်ဟွားသည် သူတို့ငါးယောက်ကို ဟွမ်တောက်၏ အဆင့်မြင့်ဂေါက်ကွင်းကို လိုက်ပို့ပေးသည်။ မိုင်နဲ့ အဖိုးကြီးတွေကြားက ဆက်ဆံရေးက ကောင်းမွန်လာခဲ့ပေမဲ့ တစ်ဖက်တွင်မူ မိုင်နဲ့ ချွမ်ဟွား၏ ဆက်ဆံရေးကတော့ ဓားသွားပါးပါးလေးပေါ် လေတိုက်နေသကဲ့သို့ပင် ဖြစ်သည်။ ချွမ်ဟွားသည် သူ့အတွက် ချက်ပြုတ်ပေးခြင်းနဲ့ လျှော်ဖွပ်ခြင်းတို့ကို ပုံမှန်အတိုင်း လုပ်ဆောင်ပေးသည်။ ညနေစာနဲ့ မနက်စာကို အတူထိုင်စားလေ့ရဗိသော်လည်း စကားမပြောကြပေ။ အိမ်၏ လေထုသည် စိတ်ညစ်ညူးဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ကာ အေးစက်နေသည်။ ထို အဖြစ်အပျက်သည် ရက်သတ္တပတ် လက်တစ်ဖက်စာမျှ ဆက်တိုက်ဖြစ်နေခဲ့သည်။

ယွမ်ကျင်း၏ ဟိုတယ်သည် တစ်နှစ်ကုန်လောက်တွင် လျင်မြန်စွာ ဆောက်လုပ်ပြီးခဲ့ပြီး ဖြစ်သည်။ဇန်နဝါရီလ ရောက်ပြီမို့ သူတို့သည် နှစ်သစ်ကူးရန် အလုပ်ရှုပ်နေခဲ့သည်။ မိုင်သည်လည်း အဖိုးကြီးလေးယောက်နဲ့အတူ ချွမ်ဟွား အဖိုး၏ အိမ်တွင် နှစ်သစ်ကူးရန် ပြင်ဆင်နေသည်။ အဖိုးကြီးတွေကတော့ ယခုနှစ်အတွက် အတော်လေးကို စိတ်အားထက်သန်ကာ ကိုယ်တိုင်ကိုယ်ကျပင် မုန့်ဝိုင်းလုပ်နေသေးသည်။ ဘန်နဲ့ လျိုယောင်ဝမ်သည် ရှန်ဟိုင်းတွင် နည်းပညာကောလိပ်ကို အတူတက်နေကြတာကြောင့် ဒီနှစ် နှစ်ကူးတွင် အိမ်ပြန်လာမည် မဟုတ်ပေ။ မိုင်သည် မနက်စောစောထဲက တစ်ယောက်ထဲ ထွက်လာခဲ့သည်။

Tudo passaWhere stories live. Discover now