[လန်ယွီကျွန်းတွင် ခရီးသွားမြှင့်တင်ရေးပရိုဂရမ်ကို သွားရောက်ရိုက်ကူးခြင်း]
ညနေပိုင်း ရိုက်ကူးရေးအတွက် အားလုံးက အသီးသီးပြင်ဆင်နေကြသည်။ ကျွန်း၏ အလှအပနေရာတွေကို မနက်ဖြန်မှ ရိုက်ကူးရမည် ဖြစ်ပြီး ယနေ့ညနေက ယွီကျိုးတို့ ၅ ယောက်နဲ့ ဒေသခံတွေအကြား နွေးထွေးသော ယဥ်ကျေးမှု ဖလှယ်သည့် စကားဝိုင်း ဖြစ်သည်။ ညနေစောင်းအချိန်မှ စ၍ ရိုက်ကူးကြသည် ဖြစ်ကာ ရိုက်ကူးရေးပြီးချိန်၌ ည ၈ နာရီခန့် ရှိနေသည်။ ယွီကျိုးတို့ ၅ ယောက်က မတူညီသော နိုင်ငံတွေက ဖြစ်၍ ကိုယ့်ဒေသအကြာင်းနဲ့ တခြားနေရာတွေက အကြောင်းတွေကို ဖလှယ်ဖြစ်ကြသည်။ နိုင်ငံကိုယ်စားပြုအလံလေးတွေ ကိုင်ထားကာ စကားဝိုင်းလေးကို ရိုက်ကူးဖြစ်သည်။
လီယွီကျိုးနဲ့လီကျန့်ဝေက ဟန်တရုတ်လူမျိုးတွေ ဖြစ်ကြသည်။ Cario က ကိုရီးယားကောင်လေးဖြစ်ကာ ယန်ကီက မြန်မာအလံလေး ကိုင်ထားသည်။ ချန်ချန်က ထိုင်ဝမ်နိုင်ငံသားဖြစ်တာကြောင့် ထိုင်ဝမ်အလံလေးထောင်ထားကာ ဒေသခံတွေနဲ့ အစားအသောက်၊ယဥ်ကျေးမှု ဖလှယ်ကြရင်း ညပိုင်း ရိုက်ကူးမှုက အခက်အခဲမရှိပြီးဆုံးသွားသည်။ ဒါရိုက်တာနဲ့ မိုင်တို့ လိုအပ်သည်တို့ကို အနည်းငယ်ဆွေးနွေးပြောဆိုပြီးနောက် ယွီကျိုးတို့ ၅ ယောက်ကို မနက်ဖြန်ရိုက်ကွင်းအတွက် ဒါရိုက်တာနဲ့ တိုင်ပင်ကာ ပြင်ဆင်ရမည်တို့ကို ပြောပြသည်။ စတိုင်လစ်တွေနဲ့ မနက်ဖြန်တွေအတွက် ပြင်ဆင်ပြီးနောက် မိုင် တည်းခိုဆောင်ကို ပြန်လာခဲ့သည်။
ညဖက် ပင်လယ်ရေတွေက ကမ်းစပ်ကို ရိုက်ခတ်နေသည့်အသံက စိတ်ချမ်းမြေ့ဖွယ်ရရှိနေသည်။ လေအေးအေးလေးတွေက မျက်နှာကို တိုးဝှေ့တိုက်ခတ်နေသည်။ ရာသီဥတုက နွေးနွေးလေးမို့ မိုင် ဘောင်းဘီတိုနဲ့ တီရှပ်တစ်ထည်သာ ဝတ်ဆင်ထားမိသည် ။ ညက မှောင်ပေမဲ့ မီးထွန်းထားတာကြောင့် ကမ်းခြေတစ်လျှောက် လင်းထိန်နေသည်။ မိုင် ကမ်းခြေတစ်လျှောက် လမ်းလျှောက်မိသည်။ ခါတိုင်းက အလုပ်နဲ့မို့ သိပ်မသိသာပေမဲ့ တစ်ဦးထဲ အချိန်တွေဆို အထီးကျန်မိသည်။ သူသည်လည်း အသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးဖြစ်တာကြောင့် မိသားစုရိပ်မြုံလေးတော့ လိုချင်မိသည်။ ယွီကျိုးနဲ့ သူက အခုလက်ရှိ တွဲနေကြတယ်ဆိုပေမဲ့ အမှန်တကယ်တော့ သူတို့ ၂ ယောက်က လိုက်ဖက်တယ်လို့ မိုင် မခံစားရပေ။

YOU ARE READING
Tudo passa
FantasiaName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...