Episode 3

704 65 6
                                    

《 ငါ့ဘဝက ကျိန်စာသင့်နေတယ် ထင်တာပဲ 》

" အားယိုးး  ငါ ခေါင်းတွေ ကိုက်လိုက်တာ "

    မိုင်က ကုတင်ပေါ် ကနေ လူးလိမ့်ထရင်း  ကုတင်ခေါင်းရင်းမှ ပြတင်းပေါက်လိုက်ကာကို ဆွဲဖယ်လိုက်သည်။ စားပွဲပေါ်က နာရီကို ကြည့်တော့ မနက် ၆ နာရီကျော်နေပြီ ဖြစ်သည်။ အလုပ်သွားရဦးမှာမို့ မိုင် အိပ်ရာကနေ အတော်ကို အားယူကာ ထရသည်။ မနက်ပိုင်းဆိုရင်  အိပ်ရာက သံလိုက်ထက်တောင် ကပ်နေသေးတယ်။ မျက်နှာသစ်နေရင်း  ပါးပြင်ပေါ်က  သွေးတွေကို ကြည့်နေရင်း ညက ဘာဖြစ်ခဲ့တာလဲဆိုတာကို ပြန်တွေးကြည့်လိုက်သည်။ သူ ညတုန်းက မနက် ၃ နာရီလောက်အိပ်ပြန်လာခဲ့သည်။ ဒီသွေးတွေက ဘယ်က ရောက်လာရတာလဲ။ မိုင် မျက်နှသစ်ကာ ပေါ့ပေါ့ပါးပါး အားကစားဝတ်စုံလေး လဲဝတ်လိုက်သည်။ မနက်ခင်း လေ့ကျင့်ခန်းလုပ်ဖို့ မိုင် အားကစားဖိနပ်ကြိုးချည်နေတုန်း ရုတ်တရက် သတိရသွားသည်။

* ဟိုကောင်လေး အောက်ထပ်မှာ ရှိနေသေးတယ် *

    မိုင် မြန်မြန်ဆန်ဆန်ပဲ အောက်ထပ်ကို ဆင်းပြေးလာသည်။ အောက်ထပ်က အခန်းကို တံခါးဆွဲဖွင့်လိုက်တော့ ကောင်လေးက ညတုန်းက သူပစ်တင်ထားခဲ့တဲ့အတိုင်းပဲ မေ့လဲနေပုံရသည်။ မိုင် အနားသွားကာ ကောင်လေး မျက်နှာကို ကြည့်လိုက်သည်။ ဖြောင့်စင်းနေတဲ့ နှာတံလေးနဲ့ ပါးလျလျ နှုတ်ခမ်းလေးတွေနဲ့ ကောင်လေးက အတော်လေးကို ချောသည်။ အသားအရေက အတော်လေးကောင်းပုံရပြီး နူးညံ့နေသည်။ မိုင် ကိုယ့်ကိုယ့်ကို ချီးကျူးလိုက်သည်။ မိုင်အခုမှ သတိထားမိသည်။ ထိုကောင်လေးက အခုအချိန်ထိ သွေးတွေနဲ့ ပေပွနေတဲ့ ဝတ်စုံကို ဝတ်ထားသေးသည်။

    မိုင်အပေါ်ထပ်တက်ကာ သူ့ဝတ်စုံတွေထဲက ပေါ့ပေါ့ပါးပါး ဝတ်စုံတစ်ခုကို ယူလိုက်သည်။ ထိုကောင်လေးခန္ဓာကိုယ်က မိုင်နဲ့ သိပ်ကွာလောက်ပုံ မရပေ ။ အခန်းထဲ ရသလို ပစ်တင်ထားခဲ့တာကြောင့် ကုတင်ပေါ်  ဆွဲတင်လိုက်သည်။  ကောင်လေးရဲ့ အင်္ကျီကြယ်သီးတွေ ဖြုတ်နေရင်းနဲ့ မိုင် သူ့ကိုယ်သူ ရုပ်ရှင်တွေထဲက စတားတစ်ဦးလို ခံစားနေရသည်။ ကောင်လေးရဲ့ ရင်ဘတ်ကြယ်သီးတွေကို ဖြုတ်ပြီးချိန်၌ မိုင် တခဏ အံ့သြမှင်သက်သွားသည်။ ထိုကောင်လေး၏ ရင်ဘတ်တစ်ဖက်လုံးက တက်တူးတွေ အပြည့်ဖြစ်နေသည်။ တက်တူးထိုးတာ ဘယ်လောက်နာကျင်မှန်း မိုင်လည်း ထိုးဖူးတာကြောင့် သိသည်။ အခု ထိုကောင်လေးရဲ့ တက်တူးက အလွန်တရာကို လက်ရာမြောက်လွန်းလှသည်။

Tudo passaWhere stories live. Discover now