《အစ်ကိုက ကျွန်တော့်ရဲ့ ဇနီးလေးဖြစ်ပေး။ အဲတာဆို ကျွန်တော် ပိုက်ဆံတွေ အကုန် အစ်ကို့ကိုပေးမယ်》
မိုင်သည် တာ့ယွမ်ကျင်း၏ အိမ်တွင်သာ နေထိုင်ဖြစ်သည်။ ယွမ်ကျင်းသည် သူအမွေရထားသော ပင်လယ်ကမ်းနားက မြေကွက်ကလေးကို တန်ဖိုးထားကာ သူ့အတွက် အကျိုးစီးပွါးဖြစ်ထွန်းမယ့် စီးပွါးရေးကို လိုချင်နေ၏။ ကောင်လေးက ငယ်ပေမဲ့ နိုင်ငံခြားခရီးတွေ ထွက်ဖူးပြီး လေ့လာမှု အားကောင်းတာကြောင့် အတွေးအခေါ်ကောင်းကောင်းများနှင့် တိကျသေချာစွာ လိုက်လုပ်နိုင်၏။ တာ့လဲ့ကျားကလည်း လိုအပ်သမျှကို ကူညီပေးသဖြင့် မိုင်သည် ကမ်းခြေအရာရှိများနှင့် ညှိနှိုင်းပြီးနောက် နှစ်ဝက်လောက်အတွင်း စတင်အကောင်အထည်ဖော်လာနိုင်သည်။ ဟွမ်ကျင်းသည် လူငယ်ပီပီ အလွန်ကို စိတ်အားထက်သန်နေလေ၏။
အချိန်နာရီတွေက ရွေ့လျားရင်းနဲ့ တစ်ခဏလေးအတွင်းမှာပင် နှစ်ဝက်ကျိုးခဲ့သည်။ နွေရာသီတောင်ကျော်လွန်ခဲ့၍ ဆောင်းဦးရာသီကူးချိန်ကိုတောင် ရောက်နေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က မိုးရွာသွန်းခဲ့ပြီး ယနေ့တွင်တော့ နေသာနေသည်။ မိုင်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လိုက်မသွားတော့ဘဲ အိမ်တွင်ကျန်နေခဲ့ကာ သူဌေးယွဲ့နဲ့အတူ အစည်းအဝေးတစ်ခု လုပ်နေလေသည်။ ဆိုးလ်ကို ရောက်နေတဲ့ သူဌေးယွဲ့က ပေကျင်းက ကိစ္စတွေကို မိုင်ကိုသာ လက်လွှဲလုပ်ဆောင်ထားနိုင်ခဲ့သည်။ ရုံးခွဲတွေအများကြီးထဲက ရာထူးအပြောင်းအလဲကိစ္စတွေကို ပြန်လည်ပြင်ဆင်ပြီးနောက်တွင် မိုင်သည် အခုလက်ရှိ စတင်နေသော SHINNIA လက်အောက်ခံ စတူဒီယိုတစ်ခု လည်ပတ်ရေးအတွက် စတူဒီယို တာဝန်ခံနဲ့ ပြောဆို ညှိုနှိုင်းနေသည်။ပေကျင်းကိုတော့ သူနောက်တစ်ကြိမ် ခြေချတော့မည် မဟုတ်ပေ။
မနက်စောစောအချိန်ကပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို သွားကြည့်သော ယွမ်ကျင်းသည် ညနေ ပြန်ရောက်လာချိန်၌ ရွှံ့များညစ်ပေရေကာ ပြန်လာခဲ့သည်။ မိုးရွာထားတာကြောင့် ဆောက်လုပ်ရေးနေရာတွေမှာ ညစ်ပေနေမည်က မလွဲဖြစ်သည်။ ဆိုင်ကယ်နဲ့သွားတာကြောင့် ဟွမ်ကျင်းသည် ဆိုင်ကယ်ရပ်ပြီးနောက် ပန်းပင်ရေလောင်းသည့် ရေပိုက်ဖြင့် ရွှံ့တွေကို ရေဆေးချနေသည်။

YOU ARE READING
Tudo passa
FantasyName - Tudo passa Main Characters -Jack forrest (ချွမ်ဟွား) & မိုင်ဂင်္ဂါသန့် Version - Both Unicode and Zawgyi Version Chapter - 75 episodes + Quotes ကိုယ် ဒီနေ့ ဗုဒ္ဓဘုရားရ...