Episode 64

196 25 1
                                    

64

    ပေကျင်းမြို့၏ ​ ညအချိန်သည် အေးမြနေကာ တိုက်ခတ် လေ တဖြူးဖြူးနှင့် သစ်ရွက်တို့၏ ထိခတ်သံ တရှဲရှဲကိုသာ ကြားနေရသည်။ မီးမှိန်မှိန်လေးသာ ထွန်းထားသော အခန်းတွင် ရေကျသံကို ကြားရပြီးနောက် မီးထိန်ထိန်လင်းသွားသည်။

   မိုင်သည် အိပ်ရာပေါ်၌ ပျင်းရိစွာလဲလျောင်းအိပ်နေသည်။ သူ၏ ရင်ဘတ်တစ်လျှောက်တွင် နီရဲရဲ အမှတ်အသားများရှိနေပြီး တစ်ဝက်တစ်ပျက်သာ ခြုံထားသော စောင်ကြောင့် အောက်ပိုင်းနေရာတို့တွင် နီရဲနေသည့် လက်ဝါးရာများ ရှိသည်။ ချွမ်ဟွားသည် ရေချိုးပြီးနောက် အားကစားဝတ်စုံကဲ့သို့သော ဘောင်းဘီရှည်နှင့် Hoodie ကို လဲလှယ်ဝတ်ဆင်လိုက်သည်။

"fofo ရေချိုးလိုက်ပါလား၊ ကျွန်တော် ညစာ ဘာချက်ပေးရမလဲ "

" လူဆိုးကောင် လုပ်ချင်ရာ လုပ်ပြီး လာဖားနေတယ်! "

"ကျွန်တော် ရေနွေးစပ်ပေးထားတယ်၊ fofo က လိမ္မာပါတယ်  ချိုးလိုက်နော်၊ ကျွန်တော် အိပ်ရာခင်း လဲပေးမယ်လေ၊ ပြီးတော့ အဲတာက ကျွန်တော်တစ်ယောက်ထဲ အပြစ်မဟုတ်ဘူးလေ၊ဒီလိုလုပ်ကြမယ်လေ ညကျရင် နှိပ်ပေးမယ်လေ ။ ဘယ်လိုလဲ "

" ငါ့ကို ကလေးလို ဆက်ဆံမနေနဲ့ ၊ ငါ့ဘာသာ ရေသွားချိုးမယ်"

   မိုင်သည် အိပ်ရာက ထကာ ရေချိုးခန်းထဲမှ ရေကန်ထဲ ဝင်ထိုင်လိုက်သည်။ ရေစိမ်နေရင်း ဇာတ်လမ်းတစ်ချို့ကြည့်ချင်တာကြောင့် Laptop ယူကာ ကြည့်နေလိုက်သည်။ မိုင်ပြန်ထွက်လာတော့ ချွမ်ဟွားသည်  သူ၏ စားပွဲတွင်ထိုင်ကာ အလုပ်လုပ်နေသည်။ မိုင် ထပ်မနှောင့်ယှက်ချက်တော့ကြောင့် တိတ်တိတ်လေးပဲ နေလိုက်သည်။

"fofo ကျွန်တော် ဆန်ပြုတ် ချက်ပေးထားတယ်"

"ငါ သိပြီ "

    ချွမ်ဟွားသည် ကျောင်း၏ စတုတ္ထနှစ်ဝင်ခွင့်အတွက် ပြင်ဆင်နေသည်ဟု ပြောတာကြောင့် သူ မနှောင့်ယှက်တော့ပေ။ညစာ စားပြီးနောက် စာအုပ်တစ်အုပ်ယူကာ ဆိုဖာပေါ်မှာ စာထိုင်ဖတ်နေသည်။စာအုပ်တစ်ဝက်ကျိုးတော့ သူ မျက်စိညောင်းလာ၍ ရပ်လိုက်သည်။ချွမ်ဟွားသည် သူ၏ ဆုံလည်ကုလားထိုင်ကို မိုက်အနားကို ရွှေ့လာပြီး ခေါင်းကို နှိပ်ပေးသည်။

Tudo passaWhere stories live. Discover now