Episode 28

219 26 0
                                    

《 Sugar Daddy မှ သူ၏ အလှလေးအတွက် ငွေကုန်ကျခံခြင်း  》

  မိုင် အိမ်ကို အလျင်အမြန် ပြန်လာခဲ့ပြီးနောက် ချွမ်ဟွားကို သူ့ရဲ့ အောင်မြင်မှုတွေ အကြောင်း ပြောပြသည်။ ချွမ်ဟွားက ကော်ဖီသောက်နေရင်း ပြုံးပြုံးလေး နားထောင်ပေးသည်။ ပြီးနောက် မိုင်နဲ့ ချွမ်ဟွားတို့သည် မိုင်၏ စတူဒီယိုနေရာအတွက် မြို့ထဲက နေရာတွေကို သွားကြည့်ဖြစ်သည်။ ညနေစောင်းသည်အထိ သင့်လျော်တဲ့နေရာကို မတွေ့ရပေမဲ့ ချွမ်ဟွားက သူ့အသိမိတ်ဆွေရဲ့ ဆိုင်ခန်းနေရာကို လိုက်ပြသည်။ တစ်ထပ်တိုက်ပုကလေးဖြစ်ပြီး ခြံဝင်းနဲ့အတော်လေးလှသည်။ ကြည့်လိုက်တာနဲ့ အတော်လေးကောင်းတဲ့ နေရာဖြစ်တာကြောင့် ဈေးကလည်း အတော်ကြီးမယ့်ပုံပေါက်သည်။  မိုင်က တခြားနေရာပြောင်းချင်နေပေမဲ့ ချွမ်ဟွားက တိုက်တွန်းနေတာကြောင့် မိုင် ဝင်ကြည့်လိုက်သည်။

   နေရာအတော်လေးကောင်းပြီး နေရာအချက်အချာလည်း ကျနေသည်။ အခန်းထဲ လှည့်ပတ်ကြည့်နေပြီး မိုင်အတော်လေး သဘောကျနေသည်။ ရိုက်ကူးရေးလုပ်ဖို့ရော တခြားစတူဒီယိုသဘောတွေ အကုန်အဆင်ပြေသည်။

" fofo ကြိုက်ရင် ကျွန်တော်တို့ ပိုင်ရှင်နဲ့ ဆက်သွယ်ကြတာပေါ့ "

"ဈေးကြီးမယ် ထင်တယ်။ ငါက သာမန်လောက်ဆို အဆင်ပြေပါတယ် "

  မိုင် ပါးစပ်ကသာ ပြောနေရတာ ထိုနေရာကို အလွန်သဘောကျနေသည်။  အရှေ့ကိုသွားကြည့်လိုက် အနောက်ဖက်ကို ပတ်ကြည့်လိုက်နဲ့ မိုင် အတော်လေးသဘောကျနေသည်။ ရပ်ကွက်ကလည်း တိတ်ဆိတ်ကာကောင်းမွန်သည်။ ဒီလိုနေရာမျိုးက လိုချင်နေတဲ့သူက မနည်းရှိနေမည် ဖြစ်သည်။ လက်လွှတ်ခံလိုက်ရလျှင် သူ ဖျားသွားနိုင်သည်။ အရင်ဆုံး ဈေးမေးမည်ဟု ဆုံးဖြတ်လိုက်သည်။ မစားရရင်တောင် အနံ့လေးတော့ ရချင်သေးသည်။

   ချွမ်ဟွားသည် မိုင်ရဲ့မျက်နှာပေါ်မှာ စာရေးထားသလို ပေါ်နေတဲ့ လိုချင်စိတ်ကို မြင်ပြီး ခပ်ဖွဖွရယ်သည်။ မိုင်ရဲ့လက်ကို ဖွဖွလေး ဆုပ်ကိုင်ပြီး ဖျစ်ညှစ်လိုက်သည်။ ညနေပိုင်းအချိန်မို့ မနက်စောစောမှ တွေ့ဆုံရန် ချိန်းလိုက်သည်။ အခုလက်ရှိ မိုင်ငှါးရမ်းနေနေသည့်အိမ်က မြေယာဈေးအပြောင်းအလဲတွေကြောင့် တစ်လကို ယွမ် 8000 ပေးရသည်။ သူရဲ့ အလုပ်က ငွေအတော်လေးရနေတာကြောင့်သာမိုင်  အိမ်မပြောင်းခြင်းဖြစ်သည်။လက်ရှိအိမ်က အရမ်းမကောင်းပေမဲ့ အတော်လေးအဆင်ပြေပြီး မိုင်နဲ့ အသားကျနေပြီ ဖြစ်သည်။  ထို့ပြင် ချွမ်ဟွားက တစ်ဝက်ပေးနေသေးသည်။ သို့ပေမဲ့ အခွန်က အရင်က တစ်နှစ်ကို ယွမ် သုံးသောင်းပေးနေရာမှ အခုအချိန်မှ လေးသောင်း(မြန်မာငွေသိန်း၁၀၀ ကျော်) ပေးရသောကြောင့် မိုင်အတော်လေးကို စိတ်ထိခိုက်နေသည်။

Tudo passaWhere stories live. Discover now